ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တာချီလိတ်-ကျိုင်းတုံ လမ်းမကြီးပေါ်ရှိ မယ်ဟုတ်ကျေးရွာတွင် ဇူလိုင် ၂၃ ရက်က မော်တော်ယာဉ်တစ်စီးမှ မယ်ယန်းဖီဒါ (၂၂ ကေဗွီ) လျှပ်စစ်ဓာတ်တိုင်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဓာတ်တိုင်ကျိုးကျမှု ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်ကြောင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ဓာတ်တိုင်အသစ် အစားထိုး ပြုပြင်ရေးလုပ်ငန်းများကို မြို့မီးလင်းရေး ဦးဆောင်ကော်မတီက ဆောင်ရွက်ခဲ့ရသဖြင့် နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဖန်မင်၊ ဝမ်လုံး၊ လွယ်တော်ခမ်း ကျေးရွာအုပ်စုများနှင့် ဆန်ဆိုင်း(ခ)၊ ဝမ်ကောင်း၊ မကာဟိုခမ်း၊ တာလော့၊ ပုန်းထွန် စသည့် ရပ်ကွက် အသီးသီးတွင် လျှပ်စစ်ဓာတ်အား အချိန်ပိုင်း ပြတ်တောက်ခဲ့ကြောင်း သိရသည်။
Jul 24 • 2:47 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 21 | 0 | 0 | 0 |


