ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ်နှင့် နမ့်စန်မြို့နယ်တို့တွင် မိုးရာသီကာလ သဘာဝအတိုင်း ထွက်ရှိသည့် မှိုများ ကောက်ယူရောင်းချသူများပြားလျက်ရှိပြီး မှိုဈေးကောင်းရရှိနေသဖြင့် ဒေသခံများ မိသားစု ဝင်ငွေ အဆင်ပြေလျက်ရှိကြောင်း သိရသည်။လက်ရှိ ပေါက်ဈေးများအရ တောင်ပို့မှိုတစ်ပိဿာလျှင် ငွေကျပ် ၁၅,၀၀၀ အထိနှင့် မှိုနီတစ်ပိဿာလျှင် ငွေကျပ် ၂၀,၀၀၀ နီးပါးအထိ ဈေးကောင်းရရှိနေသည်။ သို့သော်လည်း စပါးခင်းနှင့် ပြောင်းခင်းများတွင် ပေါင်းသတ်ဆေး သို့မဟုတ် ပိုးသတ်ဆေး ဖျန်းထားသည့်နေရာများမှ ထွက်ရှိသော မှိုများကို သေချာမဆေးကြောဘဲ ချက်စားမိ၍ အော့အန်ခြင်း၊ မူးဝေခြင်းများ ဖြစ်ပွားသူအချို့ ရှိနေသည်။သို့ဖြစ်ပါ၍ ဒေသခံများနှင့် စားသုံးသူများအနေဖြင့် စိုက်ပျိုးရေး ဆေးဝါးသုံးစွဲထားသည့် သီးနှံခင်းများအတွင်း မှိုကောက်ယူခြင်းနှင့် ဝယ်ယူစားသုံးရာတွင် သတိပြုကြရန်၊ မချက်ပြုတ်မီ ဆားရည်ဖြင့် စနစ်တကျ သန့်စင်စိမ်ထားရန်နှင့် သေချာစွာ ကျက်အောင် ချက်ပြုတ်စားသုံးကြရန် လိုအပ်ကြောင်း သိရသည်။
Jul 24 • 1:55 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 24 | 0 | 0 | 0 |


