မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ဘဲမွေးမြူထုတ်လုပ်ရောင်းချသူများအသင်းနှင့် ကြက်ဥ၊ ဘဲဥ ဖြန့်ဖြူးရောင်းချသူများအစုအဖွဲ့တို့ ပူးပေါင်း၍ စားသုံးသူများ လက်ဝယ်အရောက် ကြက်ဥတစ်လုံးလျှင် ၅၅၀ ကျပ်ဖြင့် တိုက်ရိုက် ရောင်းချပေးသည့် အစီအစဉ်ကို ဇူလိုင် ၂၀ ရက်မှ စတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အဆိုပါ အစီအစဉ်အရ City Mart အပါအဝင် ဈေးဝယ်စင်တာများ၌ ရောင်းချပေးနေသည့်အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ဈေး ၉ ခုတွင်လည်း နေ့စဉ် တိုက်ရိုက် ရောင်းချပေးလျက်ရှိသည်။ ထို့ပြင် ရန်ကုန်မြို့အတွင်းရှိ အခြားသော ဈေးများ၌လည်း အလှည့်ကျစနစ်ဖြင့် ရောင်းချပေးနေပြီး နောက်ပိုင်းတွင် ပိုမို တိုးချဲ့ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
Jul 23 • 3:08 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 24 | 0 | 0 | 0 |


