back

စစ်ကိုင်းမြို့၌ စိန်ပန်းပင်ခြောက် လဲကျပိမိမှုကြောင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

Jul 23 • 2:53 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းမြို့၌ စိန်ပန်းပင်ခြောက် လဲကျပိမိမှုကြောင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ အထက်တကောင်းရပ်ကွက်၌ ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် စိန်ပန်းပင်ခြောက် အမြစ်ဆွေး လဲကျမှုဖြ...

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ အထက်တကောင်းရပ်ကွက်၌ ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် စိန်ပန်းပင်ခြောက် အမြစ်ဆွေး လဲကျမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၂ ဦးပေါ်သို့ ပိမိခဲ့ကြောင်း သိရသည်။သတင်းရရှိသည်နှင့် စစ်ကိုင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ စိန်ကုန်း အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့ဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သည့် အမျိုးသမီး ၂ ဦးကို ထုံးဘို အရန်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် စစ်ကိုင်းမြို့ ကုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

news-view-count-icon

15