မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း အသက်မပြည့်သေးသည့် တောင်းရမ်းသူ ကလေးငယ်များ သိသိသာသာ ပိုမိုများပြားလာပြီး အုပ်စုဖွဲ့ကာ ဂိုဏ်းသဖွယ် ဖြစ်လာကြောင်း ဒေသခံများနှင့် ကလေးသူငယ်အရေး ဆောင်ရွက်သူများထံမှ သိရသည်။ အဆိုပါ ကလေးငယ်များကို ဈေးကြို၊ ဈေးကြီး၊ တောင်ပေါ်တန်း၊ ကမ်းနားလမ်း၊ မီးပွိုင့်များနှင့် အထူးကုဆေးခန်းများတွင် အများဆုံးတွေ့ရပြီး ၎င်းတို့အနက် အသက် ၃ နှစ်၊ ၄ နှစ်အရွယ် ကလေးငယ်များပင် ပါဝင်လျက်ရှိသည်။ထို့ပြင် အဆိုပါ ကလေးငယ်အုပ်စုများသည် တောင်းရမ်းရုံမျှမက ရပ်ကွက်များအတွင်း ကြေးကြိုးများ လိုက်လံခိုးယူခြင်း အပါအဝင် ခိုးဝှက်မှုများပါ ပြုလုပ်လာကြသဖြင့် ဒေသခံများက စိုးရိမ်လျက်ရှိကြသည်။ သို့ဖြစ်ပါ၍ အဆိုပါ ကလေးငယ်များအရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ပေးကြရန် ဒေသခံများက လိုလားလျက်ရှိကြသည်။
မွန်ပြည်နယ်၊မော်လမြိုင်မြို့၌ တောင်းရမ်းသည့် ကလေးငယ်များ ပိုမိုများပြားလာပြီး အုပ်စုဖွဲ့၍ ဂိုဏ်းသဖွယ် ပြုမူဆောင်ရွက်လာ
Jul 22 • 3:15 AM
မြန်မာ
မွန်
မျှဝေမည်
| 15 | 0 | 0 | 0 |


