back

ဗီယက်နမ်၊ဟွေမြို့တွင် နာရေးရက်ကန့်သတ်လိုက်လို့ ရိုးရာဓလေ့ဟောင်းများအပေါ် စိန်ခေါ်မှုဖြစ်လာ

Jul 21 • 3:13 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်၊ဟွေမြို့တွင် နာရေးရက်ကန့်သတ်လိုက်လို့ ရိုးရာဓလေ့ဟောင်းများအပေါ် စိန်ခေါ်မှုဖြစ်လာ

ဗီယက်နမ်နိုင်ငံ၏ ရှေးဟောင်းတော်ဝင်မြို့တော်ဖြစ်ပြီး ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းမှုအားကောင်းသော ဟွေမြို့ (Hue City) တွင် အာဏာပိုင်များက နာရေးအခမ်းအနား ကျင်းပခွင့...

ဗီယက်နမ်နိုင်ငံ၏ ရှေးဟောင်းတော်ဝင်မြို့တော်ဖြစ်ပြီး ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းမှုအားကောင်းသော ဟွေမြို့ (Hue City) တွင် အာဏာပိုင်များက နာရေးအခမ်းအနား ကျင်းပခွင့်ရက်ကို သတ်မှတ်ချက်အသစ်ဖြင့် ကန့်သတ်လိုက်ခြင်းကြောင့် နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့သည့် ဒေသခံတို့၏ ဓလေ့ထုံးတမ်းဟောင်းများနှင့် စမ်းသပ်စိန်ခေါ်မှုများ ကြုံတွေ့နေရသည်။ ဒေသန္တရအစိုးရ၏ စည်းကမ်းချက်သစ်အရ နာရေးတစ်ခု၏ ကြာမြင့်ချိန်ကို အများဆုံး ၃ ရက် (၇၂ နာရီ) ထက်မပိုစေရန် ကန့်သတ်ထားပြီး သတ်မှတ်ရက်ထက် ကျော်လွန်ပါက ဒဏ်ရိုက်ခြင်း သို့မဟုတ် အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။

ယခင်က ဟွေမြို့ရှိ မိသားစုများသည် ၎င်းတို့၏ ကွယ်လွန်သူ ဆွေမျိုးသားချင်းများအတွက် ကောင်းမွန်သော ရက်ရာဇာ၊ မင်္ဂလာအချိန်ကို ရွေးချယ်ခြင်းနှင့် ဝေးလံသောဒေသများမှ ဆွေမျိုးများ လာရောက်နိုင်ရန် စောင့်ဆိုင်းခြင်းတို့ကြောင့် နာရေးရက်ကို ၅ ရက်မှ ၇ ရက်အထိ ကြာမြင့်စွာ ကျင်းပလေ့ရှိကြသည်။ စည်ကမ်းချက်သစ် ထွက်ပေါ်လာခြင်းအပေါ် ဒေသခံအချို့က ရိုးရာစံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်း၊ မိသားစုဝင်များ စိတ်မကောင်းဖြစ်ရခြင်းတို့ကြောင့် ကန့်ကွက်မှုများရှိနေသော်လည်း အစိုးရဘက်ကမူ ဤလုပ်ဆောင်ချက်သည် မြို့ပြသန့်ရှင်းရေး၊ ပတ်ဝန်းကျင်ဆူညံမှုလျှော့ချရေးနှင့် နာရေးကုန်ကျစရိတ် ကြီးမားမှုကို သက်သာစေရန်အတွက် ခေတ်နှင့်အညီ ပြောင်းလဲရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားထားသည်။

news-view-count-icon

11