menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ဆိုင်ကယ်ခိုးမှုများ ဆက်တိုက်ဖြစ်ပွားနေ

Jul 20 • 6:44 AM

breaking-news

မြန်မာ

ရှမ်း

မျှဝေမည်

share-news
cover

ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် ဆိုင်ကယ်ခိုးမှုများ ဆက်တိုက်ဖြစ်ပွားနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ မကြာခဏ ခိုးယူခံနေရပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ ၄ နာရီခွဲခန့်ကလည်း ရပ်ကွက် (၁)၊ ကျိုင်းခွန်လ...

cover-photo

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ မကြာခဏ ခိုးယူခံနေရပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ ၄ နာရီခွဲခန့်ကလည်း ရပ်ကွက် (၁)၊ ကျိုင်းခွန်လမ်းရှိ ဆံပင်ညှပ်ဆိုင်ဖွင့်ထားသည့် နေအိမ်အောက်ထပ်မှ ဆိုင်ကယ်တစ်စီး ထပ်မံခိုးယူခံခဲ့ရကြောင်း သိရသည်။ ခိုးယူခံရသည့်ဆိုင်ကယ်မှာ ၂၀၁၈ ခုနှစ်ထုတ် Wave 110 အမျိုးအစား လိမ္မော်ရောင်ဆိုင်ကယ်ဖြစ်ပြီး အိမ်ရှင်အပေါ်ထပ်တွင် အိပ်ပျော်နေစဉ် အမည်မသိ အမျိုးသားနှစ်ဦးက အိမ်အတွင်း ဝင်ရောက်ကာ ဇက်သော့ခတ်ထားသည့်ကြားမှ ခိုးယူသွားခြင်းဖြစ်သည်။အိမ်ရှေ့ CCTV မှတ်တမ်းများအရ သူခိုးများသည် ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းထားသဖြင့် ရုပ်နမူနာကို သေချာမသိရသော်လည်း အဆိုပါဆိုင်ကယ်ကို လာရောက်ပြင်ဆင်ခြင်း သို့မဟုတ် ရောင်းချခြင်းများရှိပါက အကြောင်းကြားပေးရန် ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းခံထားပြီး ရဲစခန်းသို့ တိုင်ချက်ဖွင့်ရန် စီစဉ်နေသည်။ အဆိုပါ ကျိုင်းခွန်လမ်းတွင်ပင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဆိုင်ကယ်နှစ်စီး ထပ်မံခိုးယူခံထားရဖူးကြောင်း ရပ်ကွက်နေပြည်သူများ၏ ပြောပြချက်အရ သိရသည်။

news-view-count-icon

29

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ဂျပန်နိုင်ငံ၏ အင်ပါယာတော်ဝင်အိမ်တော်ဥပဒေ ပြင်ဆင်ချက်အပေါ် အမျိုးသမီးအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ဝေဖန်

တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်းက လာမည့် Unpacked ပွဲတွင် ခေါက်ဖုန်းအသစ်များနှင့် စမတ်မျက်မှန်တို့ကို မိတ်ဆက်ရန် ပြင်ဆင်နေ

cover-photo
right-arrow-icon