ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နှင့် လုံးခင်မြို့နယ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့ (ဇူလိုင် ၁၉ ရက်) တွင် ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပွားခဲ့ရာ ၎င်းမှာ ယခုလအတွင်း ငါးကြိမ်မြောက် ရေကြီးခြင်းဖြစ်ကြောင်း ကွန်းဖောင်ဒေးရှင်းထံမှ သိရသည်။ ယခင်နှစ်များက ရေကြီးပါက သုံးကြိမ်ထက်မပိုသော်လည်း ယခုနှစ်တွင် ငါးကြိမ်အထိ ခဏခဏရေကြီးနေသဖြင့် ဒေသခံများ နွံဆေးရန်ပင် အမောမပြေနိုင်သေးဘဲ အခက်အခဲဖြစ်နေကြကြောင်း၊ လက်ရှိတွင် ကွန်းဖောင်ဒေးရှင်းတစ်ခုတည်းကသာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေရသဖြင့် ရေဘေးသင့်ပြည်သူများအတွက် ထမင်းဘူးနှင့် သောက်သုံးရေများ လှူဒါန်းပေးမည့် အလှူရှင်များ အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်၊ဖားကန့်မြို့တွင် ယခုလအတွင်း ငါးကြိမ်မြောက် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွားပြီး ဒေသခံများ အရေးပေါ်အကူအညီများ လိုအပ်နေ
Jul 19 • 12:52 PM
မြန်မာ
ကချင်
မျှဝေမည်
| 32 | 0 | 0 | 0 |


