ပြည်တွင်းရွှေဈေး၊ အမေရိကန်ဒေါ်လာဈေးနှင့် စက်သုံးဆီဈေးနှုန်းများ အတက်အကျ အနည်းငယ်ဖြင့် ငြိမ်သက်နေသော်လည်း အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ဈေးနှုန်းများမှာ နေ့စဉ်နှင့်အမျှ ဆက်လက်မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ လက်ရှိတွင် ဆန်၊ စားသုံးဆီ၊ ကြက်သွန်နီ၊ ကြက်ဥနှင့် အသင့်စားကုန်ပစ္စည်းများမှာ ယခင်ကထက် ခေါက်ချိုးနီးပါး ဈေးနှုန်းမြင့်တက်နေပြီး၊ စက်သုံးဆီဈေးကွက်တွင်လည်း သတ်မှတ်ဈေးနှုန်းများ ကျဆင်းနေသော်လည်း ခွဲတမ်းလျှော့ချမှုကြောင့် ဆိုင်များတွင် ဝယ်ယူရန် ခက်ခဲကာ မှောင်ခိုဈေးကွက် အားကောင်းနေကြောင်း သုံးစွဲသူများက ပြောသည်။ စီးပွားရေးပညာရှင်တစ်ဦး၏ သုံးသပ်ချက်အရ ယခုကဲ့သို့ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေရခြင်းမှာ နယ်မြေမတည်ငြိမ်မှုကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် (Logistics Cost) မြင့်မားခြင်း၊ သွင်းအားစုဈေးကြီးပြီး ရာသီဥတုဖောက်ပြန်သဖြင့် ပြည်တွင်းထုတ်လုပ်မှုကျဆင်းခြင်း၊ ကျပ်ငွေတန်ဖိုးကျဆင်းမည်ကို စိုးရိမ်၍ ကုန်ပစ္စည်းများ သိုလှောင်ကာ မှောင်ခိုဈေးကွက်၌ ဈေးကစားခြင်းတို့ကြောင့်ဖြစ်ပြီး ကုန်ဈေးနှုန်းများ ပြန်လည်ကျဆင်းရန် မလွယ်ကူသေးကြောင်း သိရသည်။
ရွှေ၊ ဒေါ်လာနှင့် စက်သုံးဆီဈေးများ တည်ငြိမ်နေသော်လည်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေ
Jul 19 • 12:49 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


