ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ သံစက်ရုံမှ မြန်မာလုပ်သား ၁၁၄ ဦး (ဇူလိုင် ၁၅ ရက်) နှင့် စမူပကန်မြို့နယ်ရှိ မီးကြိုးစက်ရုံမှ မြန်မာလုပ်သား ၆ ဦး (ဇူလိုင် ၉ ရက်) တို့သည် အလုပ်ရှင်များ၏ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ပယ်ခြင်းကို ခံခဲ့ရပြီး၊ လုပ်သက်အလိုက် နစ်နာကြေးနှင့် ဥပဒေအရ ရရှိသင့်သည့် အခွင့်အရေးများ မရရှိဘဲ အခက်အခဲကြုံတွေ့နေရသဖြင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံ ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဆက်သွယ်အကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။
ထိုင်းရှိ သံစက်ရုံနှင့် မီးကြိုးစက်ရုံတို့မှ မြန်မာလုပ်သား ၁၂၀ ဦး ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံရသဖြင့် WAG အဖွဲ့ ကူညီပေးနေ
Jul 19 • 10:40 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


