back

ဧရာဝတီတိုင်းဒေသကြီး၊ပန်းတနော်မြို့နယ်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်

Jul 19 • 10:33 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းဒေသကြီး၊ပန်းတနော်မြို့နယ်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်ရှိ ပန်းရွှေဝါပန်းခြံအနီး ပန်းတနော်မြစ်အတွင်း၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကိ...

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်ရှိ ပန်းရွှေဝါပန်းခြံအနီး ပန်းတနော်မြစ်အတွင်း၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဇူလိုင်လ ၁၈ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ရာ မအူပင်ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမိုးထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အဆိုပါ လေ့ကျင့်မှုတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများမှ စုစုပေါင်းအင်အား (၇၇) ဦး တက်ရောက်ကာ ပန်းတနော်မြစ်အတွင်း ရေပြင်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

12