ယနေ့ (ဇူလိုင် ၁၉ ရက်) ကျရောက်သည့် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်၌ ရန်ကုန်မြို့လယ်ရှိ မော်တော်ယာဉ်များက ဟွန်းသံရှည်တီး၍ အလေးပြုခဲ့ကြကြောင်း သိရသည်။ အာဇာနည်ဗိမာန်နှင့် အတွင်းဝန်ရုံးတို့သို့ အများပြည်သူ ဝင်ရောက်ခွင့်ပြုသော်လည်း မိုဘိုင်းဖုန်းယူဆောင်ခွင့် မပြုခြင်းနှင့် လုံခြုံရေးတင်းကျပ်မှုများကြောင့် လာရောက်သူ ခြောက်ကပ်လျက်ရှိသည်။
| 9 | 0 | 0 | 0 |


