back

ကယားပြည်နယ် ကျေးရွာများရှိ ဆေးခန်းများ၌ မိုးရာသီကာလ ရောဂါဖြစ်ပွားသူများလာ၍ ဆေးဝါးလုံလောက်မှု မရှိတော့ကြောင်း ကျန်းမာရေးဝန်ထမ်းများဆို

Jul 19 • 6:47 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ် ကျေးရွာများရှိ ဆေးခန်းများ၌ မိုးရာသီကာလ ရောဂါဖြစ်ပွားသူများလာ၍ ဆေးဝါးလုံလောက်မှု မရှိတော့ကြောင်း ကျန်းမာရေးဝန်ထမ်းများဆို

ကယား(ကရင်နီ)ဒေသတွင် မိုးရာသီအတွင်း ခြင်ကြောင့်ဖြစ်ပွားသည့် ရောဂါများနှင့် အရေပြားရောဂါ ဖြစ်ပွားသူများပြားလာသဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးခန်...

ကယား(ကရင်နီ)ဒေသတွင် မိုးရာသီအတွင်း ခြင်ကြောင့်ဖြစ်ပွားသည့် ရောဂါများနှင့် အရေပြားရောဂါ ဖြစ်ပွားသူများပြားလာသဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးခန်းများ၌ ဆေးဝါးလိုအပ်ချက် မြင့်တက်လာပြီး လုံလောက်မှုမရှိသည့် အခြေအနေများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။ လက်ရှိတွင် ကျေးရွာများအတွင်း ဖျားနာသူများ၊ ခြင်ကိုက်ခြင်းနှင့် ဆက်စပ်သည့် ရောဂါဝေဒနာရှင်များနှင့် အရေပြားရောဂါ ခံစားနေရသူ အများအပြားကို အခမဲ့ဆေးကုသမှုပေးနေရသဖြင့် ဆေးဝါးသုံးစွဲမှုမှာ ယခင်ထက် ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။ဒေသတွင်း ကျန်းမာရေးဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ အခြေခံဆေးဝါးများ၊ အဖျားကျဆေးများ၊ အရေပြားရောဂါကုသဆေးများနှင့် ခြင်ကြောင့်ဖြစ်ပွားသည့် ရောဂါများအတွက် လိုအပ်သော ဆေးဝါးများမှာ ပြတ်လပ်လုနီးပါး ဖြစ်နေကြောင်း သိရသည်။ ထို့ကြောင့် ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆက်မပြတ် ဆက်လက်ပေးဆောင်နိုင်ရန်အတွက် ဆေးဝါးနှင့် ဆေးပစ္စည်းအထောက်အပံ့များ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။

news-view-count-icon

12