ရန်ကုန်မြို့ရှိ ကားမှတ်တိုင်များ၊ ပန်းခြံများ၊ ခုံးကျော်တံတားအောက်များနှင့် အမိုးအကာရှိသည့် နေရာများတွင် ညအိပ်စက်ကြသည့် အိမ်ခြေယာခြေမဲ့ဦးရေ တစ်နှစ်ထက်တစ်နှစ် အဆမတန် များပြားလာကြောင်း သိရသည်။ ရန်ကုန်မြို့ခံများ၏ ပြောပြချက်အရ အချို့သော နေရာများတွင် မိသားစုလိုက် အထုပ်အပိုးများဖြင့် နေထိုင်ကြသူများကိုပါ အများအပြား တွေ့ရှိလာရကြောင်း သိရသည်။၎င်း အိမ်ခြေယာခြေမဲ့ အများစုမှာ တောင်းရမ်းစားသောက်ခြင်းဖြင့် အသက်မွေးကြပြီး၊ ၎င်းတို့ နေ့စဉ်တောင်းရမ်းသည့် နေရာဝန်းကျင်များ၌ပင် ညဘက်တွင် အိပ်စက်လေ့ရှိကြကြောင်း တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။ ရန်ကုန်မြို့တွင် စီးပွားရေးကျပ်တည်းမှုနှင့်အတူ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် တောင်းရမ်းစားသောက်သည့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ပိုမိုများပြားလာသည့်အပြင်၊ မြို့တွင်း၌ ခွေးလေခွေးလွင့်များလည်း အဆမတန် များပြားလာနေကြောင်း ဒေသခံများထံမှ သိရသည်။
ရန်ကုန်မြို့တွင် စီးပွားရေးကျပ်တည်းမှုကြောင့် လမ်းဘေး၌ အိပ်စက်ရသည့် အိမ်ခြေယာခြေမဲ့ဦးရေ အဆမတန် တိုးပွားလာ
Jul 19 • 5:14 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 19 | 0 | 0 | 0 |


