မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်နေပြီး ဆီဆိုင်ကြီးအချို့ ပိတ်ထားရသဖြင့် ပြည်သူများအနေဖြင့် လမ်းဘေးဆိုင်များတွင် ဈေးကြီးပေးကာ ဝယ်ယူနေရကြောင်း သိရသည်။ မနေ့ ညနေပိုင်းမှစတင်ကာ မြို့ပေါ်ရှိ စက်သုံးဆီဆိုင်အများစု ပိတ်သွားခဲ့သဖြင့် စက်သုံးဆီ လိုက်လံဝယ်ယူရာတွင် အခက်အခဲဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက်များအတွင်းရှိ စက်သုံးဆီ သိုလှောင်ရောင်းချသူများထံ၌ တန်းစီစောင့်ဆိုင်းကာ ဝယ်ယူနေကြရကြောင်း မြို့ခံများက ဆိုသည်။လက်ရှိတွင် လမ်းဘေးလက်လီဆိုင်များ၌ စက်သုံးဆီ တစ်ဘူးလျှင် ကျပ် ၆,၀၀၀ မှ ကျပ် ၈,၀၀၀ အထိ ဈေးနှုန်းကြီးမြင့်စွာဖြင့် ရောင်းချမှုများ ရှိနေကြောင်း သိရသည်။ ဆီဆိုင်ကြီးများတွင် ဝယ်ယူ၍မရတော့ဘဲ လမ်းဘေးဆိုင်များ၌သာ အဆမတန် မြင့်တက်နေသည့် ဈေးနှုန်းများဖြင့် ခွဲတမ်းသဘောမျိုး ဝယ်ယူအသုံးပြုနေရသဖြင့် ဒေသခံပြည်သူများနှင့် ယာဉ်မောင်းများ သွားလာရေးအတွက် အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် လမ်းဘေးဆိုင်များ၌ ဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူနေရ
Jul 19 • 4:26 AM
မြန်မာ
မွန်
မျှဝေမည်
| 20 | 0 | 0 | 0 |


