back

လာအိုဆည်မှ ရေလွှတ်မှုကြောင့် ထိုင်းအရှေ့မြောက်ပိုင်း ပြည်နယ် ၅ ခုတွင် မဲခေါင်မြစ်ရေ ၁.၃ မီတာအထိ မြင့်တက်လာနိုင်၍ သတိပေးချက်ထုတ်ပြန်

Jul 18 • 11:43 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုဆည်မှ ရေလွှတ်မှုကြောင့် ထိုင်းအရှေ့မြောက်ပိုင်း ပြည်နယ် ၅ ခုတွင် မဲခေါင်မြစ်ရေ ၁.၃ မီတာအထိ မြင့်တက်လာနိုင်၍ သတိပေးချက်ထုတ်ပြန်

လာအိုနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်သန် ၁ (Nam Theun 1) ရေအားလျှပ်စစ်ဆည်မှ ရေလွှတ်ပမာဏကို ကနဦးထက် ၁၂.၅ ဆအထိ တိုးမြှင့်လိုက်သဖြင့် ဇူလိုင် ၁၇ ...

လာအိုနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်သန် ၁ (Nam Theun 1) ရေအားလျှပ်စစ်ဆည်မှ ရေလွှတ်ပမာဏကို ကနဦးထက် ၁၂.၅ ဆအထိ တိုးမြှင့်လိုက်သဖြင့် ဇူလိုင် ၁၇ ရက်မှ ၂၀ ရက်အတွင်း ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ ဘုန်းကန်၊ နခွန်ဖနွန်၊ မွတ်ဒါဟန်၊ အမ်နတ်ချာရွန်နှင့် ဥဘွန်ရတ်ချာသနီ ပြည်နယ် ၅ ခုတွင် မဲခေါင်မြစ်ရေသည် ၆၀ စင်တီမီတာမှ ၁.၃ မီတာအထိ မြင့်တက်လာနိုင်ကြောင်း ထိုင်းရေအရင်းအမြစ်ဆိုင်ရာ အမျိုးသားရုံးက သတိပေးချက် ထုတ်ပြန်ထားသည်။ လတ်တလောတွင် မြစ်ရေမှာ စိုးရိမ်ရေမှတ်အောက်၌ ရှိနေသေးသော်လည်း ရေလွှတ်မှုနှင့် မိုးရေများ ပေါင်းစပ်ကာ မြစ်ရေရုတ်တရက် မြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းဘေးရှိ နိမ့်ပါးသောဒေသများမှ ထိခိုက်လွယ်သည့် ပြည်သူများအနေဖြင့် အစိုးရ၏ သတင်းထုတ်ပြန်ချက်များကို စောင့်ကြည့်ကာ လိုအပ်ပါက ကုန်းမြင့်ပိုင်းသို့ ကြိုတင်ရွှေ့ပြောင်းကြရန် နှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

16