back

ထိုင်းနိုင်ငံမှာ TrueMoney က ပထမဆုံးအကြိမ်အဖြစ် "tap-to-pay" ငွေပေးချေမှုစနစ်သစ်ကို မိတ်ဆက်

Jul 18 • 2:21 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံမှာ TrueMoney က ပထမဆုံးအကြိမ်အဖြစ် "tap-to-pay" ငွေပေးချေမှုစနစ်သစ်ကို မိတ်ဆက်

TrueMoney ကုမ္ပဏီက ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် "tap-to-pay" ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီစနစ်က ထိတွေ့စရာမလိုဘဲ ငွေပေးချေမှု...

TrueMoney ကုမ္ပဏီက ထိုင်းနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် "tap-to-pay" ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီစနစ်က ထိတွေ့စရာမလိုဘဲ ငွေပေးချေမှုကို ပိုပြီးလွယ်ကူမြန်ဆန်စွာ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး လက်ရှိမှာ ထိုင်းနိုင်ငံအတွင်း အသုံးပြုသူ ၃၅ သန်းကျော်ရှိနေတဲ့ TrueMoney အက်ပ်ကနေတစ်ဆင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ TrueMoney က tap-to-pay ပုံစံနှစ်မျိုးကို မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး အဲဒါတွေကတော့ TrueMoney BlueTap လို့ခေါ်တဲ့ သီးသန့်စနစ် (closed-loop) နဲ့ EMV စနစ်သုံး ကတ်မဲ့ထိတွေ့ငွေချေစနစ် (open-loop) တို့ပဲဖြစ်ပါတယ်။ BlueTap စနစ်ကို လက်ရှိမှာ 7-Eleven ဆိုင်တွေနဲ့ မိတ်ဖက်အရောင်းဆိုင်တချို့မှာ စတင်အသုံးပြုနိုင်ပြီး လာမယ့် ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငွေချေမှတ်တိုင်ပေါင်း (paypoints) ၅၀,၀၀၀ ကျော်အထိ တိုးချဲ့သွားဖို့ ရှိပါတယ်။ အဲဒီ BlueTap စနစ်က စတင်မိတ်ဆက်ပြီးကတည်းက လူငယ်တွေနဲ့ ရုံးဝန်ထမ်းတွေကြား ရေပန်းစားနေပြီး အသုံးပြုသူ ၁.၅ သန်းကျော် ရရှိထားပြီးဖြစ်ပါတယ်။Alipay+ နဲ့ Mastercard တို့ရဲ့ နည်းပညာတွေနဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Open-loop စနစ်ကတော့ Physical ကတ်ပြားတွေ ယူဆောင်သွားစရာမလိုဘဲ ဖုန်းကို terminal စက်တွေမှာ တို့ရုံနဲ့ ငွေပေးချေနိုင်မှာဖြစ်ပါတယ်။ အဲဒီစနစ်ကို ထိုင်းနိုင်ငံအတွင်းက ငွေချေမှတ်တိုင်ပေါင်း ၉ သိန်းကျော်အပြင် ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၂၂၀ ကျော်မှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဘန်ကောက်မြို့က BMTA ဘတ်စ်ကား ၆,၀၀၀ ကျော်နဲ့ အနာဂတ်မှာ MRT မြေအောက်ရထားလိုင်းတွေမှာပါ အဲဒီ tap-to-pay စနစ်ကို တိုးချဲ့အသုံးပြုနိုင်အောင် စီစဉ်နေပါတယ်။



news-view-count-icon

21