စင်ကာပူနိုင်ငံ၏ ဇွန်လအတွင်း ရေနံမဟုတ်သော ပြည်ပပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ၂၀ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Enterprise Singapore ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Channel NewsAsia သတင်းတွင် ဖော်ပြထားသည်။ ယခုကဲ့သို့ ပို့ကုန်တိုးတက်လာခြင်းမှာ AI (ဉာဏ်ရည်တု) နည်းပညာဆိုင်ရာ ဝယ်လိုအား ကောင်းမွန်ခြင်းကြောင့်ဖြစ်ပြီး ပေါင်းစည်းလျှပ်စီးပတ်လမ်း (IC) ချစ်ပ်များ တင်ပို့မှု ၁၁၅ ဒသမ ၄ ရာခိုင်နှုန်း၊ ဒေတာသိုလှောင်ရေး မီဒီယာပစ္စည်း တင်ပို့မှု ၁၇၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် တစ်ကိုယ်ရည်သုံးကွန်ပျူတာ (PC) တင်ပို့မှု ၉၅ ဒသမ ၈ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကာ ဇွန်လတစ်လည်းအတွင်း အီလက်ထရွန်နစ်ပစ္စည်း တင်ပို့မှုစုစုပေါင်း ၁၀၅ ဒသမ ၁ ရာခိုင်နှုန်းအထိ စံချိန်တင် တိုးတက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
စင်ကာပူ၏ ဇွန်လ ရေနံမဟုတ်သော ပို့ကုန်တင်ပို့မှု ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး AI ဆိုင်ရာ အီလက်ထရွန်နစ်ပစ္စည်းများ တင်ပို့မှုက အဓိကဦးဆောင်
Jul 17 • 10:55 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


