ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ သံစက်ရုံမှ မြန်မာလုပ်သား ၁၀၈ ဦးနှင့် စမူပကန်မြို့နယ်ရှိ မီးကြိုးစက်ရုံမှ မြန်မာလုပ်သား ၆ ဦး (စုစုပေါင်း ၁၁၄ ဦး) သည် အလုပ်ရှင်များထံမှ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံခဲ့ရပြီး ဥပဒေအရရရှိရမည့် လုပ်သက်အလိုက် နစ်နာကြေးများနှင့် အခွင့်အရေးများ ဆုံးရှုံးနေသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ အဆိုပါ ထိခိုက်နစ်နာခဲ့ရသည့် အလုပ်သမားများအတွက် WAG အဖွဲ့က ကူညီဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာ ထိုင်းအလုပ်သမားရုံး (ဆဝါဒီကန်) တွင် စာရွက်စာတမ်းတင်ပြခြင်းနှင့် အမှုဖွင့်တိုင်ကြားခြင်းများကို ဆောင်ရွက်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား ၁၁၄ ဦး ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံရသဖြင့် အကူအညီတောင်းခံထား
Jul 17 • 9:20 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


