back

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပန်းတင်လမ်းမကြီး ဆိုးရွားစွာ ပျက်စီးနေသဖြင့် ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ပေါ်နေ

Jul 17 • 6:35 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပန်းတင်လမ်းမကြီး ဆိုးရွားစွာ ပျက်စီးနေသဖြင့် ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ပေါ်နေ

ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ဘုရားဖြူနှင့် ဂနိုင်ရွေးကျေးရွာတို့ကို ဆက်သွယ်ထားသည့် ပန်းတင်လမ်းမကြီးမှာ ဆိုးရွားစွာ ပျက်စီးနေသောကြောင့် နေ့စဉ်...

ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ဘုရားဖြူနှင့် ဂနိုင်ရွေးကျေးရွာတို့ကို ဆက်သွယ်ထားသည့် ပန်းတင်လမ်းမကြီးမှာ ဆိုးရွားစွာ ပျက်စီးနေသောကြောင့် နေ့စဉ် ဖြတ်သန်းသွားလာနေရသည့် ဒေသခံများ၊ အလုပ်သမားများနှင့် ကျောင်းသား/သူများ သွားလာရေး အဆင်မပြေဘဲ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။ အဆိုပါလမ်းပိုင်းမှာ ပျက်စီးနေသည်မှာ ၅ နှစ်ကျော်ခန့် ကြာမြင့်နေပြီဖြစ်ကာ မိုးရွာသွန်းပါက ချိုင့်ခွက်များတွင် ရေကြီးခြင်း၊ ရွှံ့ဗွက်ထခြင်းတို့ကြောင့် ဆိုင်ကယ်တိမ်းမှောက်မှုများပါ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ လမ်းမပေါ်တွင် ဒေသခံများက ကိုယ်ထူကိုယ်ထ နိုင်သလောက် ပြုပြင်နေကြသော်လည်း ၁၀ ဘီးကားကြီးများနှင့် လင်းလေအမှိုက်ကျင်းသို့ သွားသည့် အမှိုက်ကားများ နေ့စဉ် ဖြတ်သန်းမှုများပြားသဖြင့် အဆင်မပြေဖြစ်နေ၍ သက်ဆိုင်ရာမှ ဦးဆောင်ပြင်ဆင်ပေးရန် လိုလားနေကြပြီး၊ စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးကမူ လမ်းပြင်ဆင်ရန်အတွက် ဌာနနှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောဆိုထားသည်။

news-view-count-icon

19