မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် တောင်ရိုးတန်းလမ်းတွင် လတ်တလော၌ ဖြတ်သန်းသွားလာသူများနှင့် ကျန်းမာရေးအတွက် လမ်းလျှောက်သူများ၊ အထူးသဖြင့် အမျိုးသမီးငယ်များအတွက် လုံခြုံမှုမရှိသော နေရာတစ်ခု ဖြစ်လာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ၎င်းလမ်းတစ်လျှောက်တွင် အမျိုးသမီးအချို့အား ဆိုင်ကယ်ဖြင့် နောက်မှ လိုက်လံနှောင့်ယှက်ခြင်း၊ ရှေ့မှ ပိတ်ရပ်ခြင်းများ ကြုံတွေ့နေရသည့်အပြင် အုပ်စုဖွဲ့၍ အကူအညီတောင်းခံဟန်ဆောင်ကာ အန္တရာယ်ပြုသည့် ဖြစ်စဉ်များပါ ရှိနေကြောင်း သိရသည်။လူမှုကွန်ရက်ပေါ်တွင် မျှဝေထားသည့် ကိုယ်တွေ့ဖြစ်စဉ်တစ်ခုအရ တောင်ပေါ်တန်းတွင် အမျိုးသမီးတစ်ဦးက ၎င်းအား အမျိုးသားတစ်ဦးက အဓမ္မကျင့်ရန် ကြံစည်သဖြင့် ထွက်ပြေးလာရသည်ဟု အကူအညီတောင်းကာ ဘုရားစောင်းတန်းသို့ လိုက်ပို့ခိုင်းခဲ့သည်။ သို့သော် သံသယရှိသဖြင့် နောက်မှ လိုက်ကြည့်ရာတွင် ၎င်းပြောဆိုသည့် အဓမ္မကျင့်ရန် ကြံစည်သူဆိုသည့် အမျိုးသားမှာ ဘုရားစောင်းတန်း၌ စောင့်ဆိုင်းနေသည်ကို တွေ့ရှိခဲ့ရသည်။ ဤကဲ့သို့ အကူအညီတောင်းခံသည့်နည်းလမ်းဖြင့် ၎င်းတို့အပေါင်းအပါများရှိရာသို့ ခေါ်ဆောင်ကာ အန္တရာယ်ပြုရန် ကြံစည်သည့် ဖြစ်ရပ်များ ရှိနေသည်။ဒေသခံများ၏ ပြောကြားချက်အရ ညနေစောင်းအချိန်နှင့် နံနက်စောစော လူသူကင်းမဲ့ချိန်များတွင် အဆိုပါလမ်း၌ ဆိုင်ကယ်တစ်စီးတည်းဖြင့် သွားလာရန်ပင် အန္တရာယ်များလှသဖြင့် ယခုဖြစ်စဉ်များနှင့် ပတ်သက်၍ မြို့၏အထင်ကရနေရာ တောင်ရိုးတန်းလမ်းတစ်လျှောက် လုံခြုံအေးချမ်းစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုထားကြသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ရိုးတန်းလမ်းတွင် မသင်္ကာဖွယ်ရာ အုပ်စုဖွဲ့ လိမ်လည်မှုများ ကြုံတွေ့နေရသဖြင့် လုံခြုံမှုမရှိတော့ကြောင်း ဒေသခံများ ပြောဆို
Jul 17 • 4:38 AM
မြန်မာ
မွန်
မျှဝေမည်
| 10 | 0 | 0 | 0 |


