တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့အစိုးရနှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ပူးပေါင်းတွန်းအားပေးမှုဖြင့် ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) ကို လာမည့် ဇူလိုင် ၂၂ ရက်မှ ဇူလိုင် ၂၅ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့၌ တရားဝင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုပြပွဲသည် နှစ်ပေါင်း ၆၀ ကျော် သမိုင်းကြောင်းရှိပြီဖြစ်သော မြန်မာ့ကျောက်မျက်ရတနာပြပွဲကို သမိုင်းတစ်လျှောက် ပထမအကြိမ်အဖြစ် ပြည်ပသို့ သွားရောက်ပြသခြင်းဖြစ်ပြီး တရုတ်နိုင်ငံအတွင်း၌ ပုံမှန်အသွင် ဖော်ဆောင်ကျင်းပသွားမည့် ပြပွဲတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။
Jul 17 • 3:44 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


