မြန်မာနိုင်ငံအတွင်း ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် ဒေသများတွင် အဓိကအားထားနေရသည့် Starlink ဂြိုဟ်တုအင်တာနက်များကို ဇူလိုင် ၁၇ ရက်မှ ဩဂုတ် ၁၆ ရက်အထိသာ ဆက်လက်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ Starlink ၏ မူဝါဒအသစ်အရ မူလမှတ်ပုံတင်ထားသည့် နိုင်ငံပြင်ပတွင် ရက်ပေါင်း ၃၀ ဆက်တိုက်အသုံးပြုပါက လက်ရှိဒေသ (Region) အလိုက် ပြောင်းလဲသတ်မှတ်ရမည် ဖြစ်သည်။မြန်မာနိုင်ငံသည် Starlink ကို တရားဝင်ခွင့်ပြုထားခြင်းမရှိသည့်အပြင် နယ်စပ်ဒေသ ကျားဖြန့်ဂိုဏ်းများက လွဲမှားစွာအသုံးပြုမှုများကြောင့် မူဝါဒများ တင်းကျပ်လာခြင်းဖြစ်သည်။ ရှေ့ဆက်အသုံးပြုရန်အတွက် ဒေသပြောင်းလဲခြင်း၊ 1 GB လျှင် ၉,၀၀၀ ကျပ်နှုန်းဖြင့် လစဉ်ကြေးပေးဆောင်ခြင်းနှင့် နိုင်ငံကူးလက်မှတ် (Passport) ဖြင့် Travel Registration တင်ခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ပျက်ကွက်ပါက စက်အပိတ်ခံရမည်ဖြစ်၍ သုံးစွဲသူများအကြား စိုးရိမ်မှုများ မြင့်တက်နေသည်။



