back

ကရင်ပြည်နယ်၌ ဂျိုင်းမြစ်ရေ ပြန်မကျသေးသဖြင့် ကျေးရွာအချို့ ရေနစ်မြုပ်ကာ သွားလာရေး ခက်ခဲနေ

Jul 17 • 3:13 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၌ ဂျိုင်းမြစ်ရေ ပြန်မကျသေးသဖြင့် ကျေးရွာအချို့ ရေနစ်မြုပ်ကာ သွားလာရေး ခက်ခဲနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဂျိုင်းမြစ်ရေ မြင့်တက်လာပြီး ရေပြန်မကျသေးသဖြင့် မြစ်ကမ်းအနီးရှိ ကျေးရွာများတွင် ရေကြီးနစ်မြု...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဂျိုင်းမြစ်ရေ မြင့်တက်လာပြီး ရေပြန်မကျသေးသဖြင့် မြစ်ကမ်းအနီးရှိ ကျေးရွာများတွင် ရေကြီးနစ်မြုပ်မှုများနှင့် သွားလာရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။အထူးသဖြင့် ဂျိုင်းမြစ်ကမ်းအနီးရှိ ကမ်းနီး၊ သရက်တော၊ ကော့မိတ်၊ ကော့ဗိန်းနှင့် ခရစ်ကျောက်တန်းကျေးရွာတို့တွင် ရေကြီးနစ်မြုပ်နေသည်မှာ ၃ ရက်ခန့် ရှိပြီဖြစ်ကာ ခရစ်ကျောက်တန်းရွာ၌ လူတစ်ကိုယ်စာ လည်ပင်းနီးပါးအထိ ရေအမြင့် ရောက်ရှိနေသဖြင့် ဒေသခံများ လှေငယ်များကို အသုံးပြုကာ သွားလာလှုပ်ရှားနေရသည်။လက်ရှိတွင် မြစ်ရေမှာ စိုးရိမ်ရေအမှတ်သို့ မရောက်ရှိသေးသဖြင့် ပြောင်းရွှေ့နေထိုင်ခြင်း မရှိသေးသော်လည်း မိုးဆက်လက်ရွာသွန်းပါက စာသင်ကျောင်းများ ပိတ်ရမည့် အခြေအနေ ရှိနေသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၁၆ ရက် ထုတ်ပြန်ချက်အရ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နောက်ထပ် နှစ်ရက်အထိ မိုးဆက်လက်ရွာသွန်းနိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများ မြေပြိုမှုအန္တရာယ်နှင့် မြစ်ချောင်းအနီး နေထိုင်သူများ ရေကြီးရေလျှံမှုအန္တရာယ်ကို သတိပြုကြရန် အသိပေး နှိုးဆော်ထားပြီး ဒေသခံများအနေဖြင့်လည်း ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နေကြကြောင်း သိရသည်။

news-view-count-icon

25