back

ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားထက် စပိန်အသင်း ချန်ပီယံဖြစ်ရန် ပိုမိုရေပန်းစားနေ

Jul 17 • 2:00 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားထက် စပိန်အသင်း ချန်ပီယံဖြစ်ရန် ပိုမိုရေပန်းစားနေ

လာမည့် ဇူလိုင်လ ၁၉ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် စပိန်အသင်းသည် အာဂျင်တီးနားအသင်းထက် ချန်ပီယံဆုရရှိရန် ပိုမိုရေပန်းစားလျက်ရှိကြောင်း ဘ...

လာမည့် ဇူလိုင်လ ၁၉ ရက်တွင် ယှဉ်ပြိုင်ကစားမည့် ၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် စပိန်အသင်းသည် အာဂျင်တီးနားအသင်းထက် ချန်ပီယံဆုရရှိရန် ပိုမိုရေပန်းစားလျက်ရှိကြောင်း ဘွတ်ကီဒိုင်များ၏ အလေးပေးချက်များအရ သိရသည်။ ချန်ပီယံဖြစ်နိုင်ခြေ အလေးပေးမှုတွင် ဘွတ်ကီဒိုင်အများစုက စပိန်အသင်းကို ၈း၁၃ အထိ ပိုမိုရေပန်းစားစေကာ အလေးပေးထားပြီး အာဂျင်တီးနားအသင်းအတွက် အလေးပေးချက်မှာ ၅း၄ သာ ရှိနေသည်။သို့ရာတွင် တစ်ဦးချင်းဆုတံဆိပ်များအတွက် ရေပန်းစားမှု၌မူ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက ထိပ်ဆုံးမှ ပြတ်ပြတ်သားသား ဦးဆောင်နေသည်။ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုအတွက် မက်ဆီက ၁း၁ လေးဖြင့် ထိပ်ဆုံးတွင် ရှိနေပြီး ၎င်း၏နောက်တွင် အမ်ဘာပေက ၁၃း၈ လေး၊ ၆ ဂိုးစီ သွင်းယူထားသည့် ဟာရီကိန်းက ၃၃း၁ လေးနှင့် ဘယ်လင်ဂမ်က ၆၆း၁ လေးတို့ဖြင့် အသီးသီး ရေပန်းစားနေကြသည်။ ထို့ပြင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမား ရွှေဘောလုံးဆုအတွက်လည်း မက်ဆီက ၁း၈ လေးအထိ အပြတ်အသတ် ဦးဆောင်နေပြီး ၎င်း၏အနီးကပ်ဆုံးပြိုင်ဘက် စပိန်ကွင်းလယ်လူ ရိုဒရီက ၅း၁ လေးနှင့် ယမားလ်က ၂၀း၁ လေးဝန်းကျင်သာ ရှိကြောင်း သိရသည်။

news-view-count-icon

60