ဈေးကွက်အတွင်း ကြက်သွန်နီဝင်ရောက်မှု နည်းပါးလာခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်လာကြောင်း ဇူလိုင်လ ၁၅ ရက်နေ့တွင် မန္တလေးမြို့ခံ ကုန်သည်များနှင့် ဒေသခံများထံမှ သိရသည်။ယခုစိုက်ပျိုးရာသီတွင် မျိုးဥ၊ ပျိုးပင်နှင့် သွင်းအားစုများ ဈေးနှုန်းမြင့်မားပြီး ဝယ်ယူရခက်ခဲခြင်း၊ စိုက်ပျိုးသည့်ဒေသများ၏ နယ်မြေမတည်ငြိမ်ခြင်းတို့ကြောင့် တောင်သူများ စိုက်ပျိုးမှု လျော့နည်းကာ အထွက်နှုန်း ကျဆင်းခဲ့သည်။အထူးသဖြင့် မန္တလေးဈေးကွက်သို့ အဓိကတင်ပို့နေသည့် စစ်ကိုင်းနှင့် မကွေးတိုင်းတို့မှ ဒေသအချို့တွင် နယ်မြေအခြေအနေအရ ဒေသတွင်းစားသုံးရန်အတွက်သာ စိုက်ပျိုးကြတော့သဖြင့် ဈေးကွက်အတွင်း အဝင်နည်းသွားခြင်း ဖြစ်သည်။လက်ရှိတွင် ဈေးကွက်အတွင်းသို့ မန္တလေးနှင့် ရှမ်းပြည်နယ်ထွက် ကြက်သွန်နီများသာ ဝင်ရောက်နေပြီး သယ်ယူပို့ဆောင်စရိတ် မြင့်မားမှုများကြောင့် ဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၅,၀၀၀ မှ ၇,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။
Jul 16 • 7:36 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


