back

ထိုင်းနိုင်ငံ၌ Red Bull ပိုင်ရှင်မိသားစု အချမ်းသာဆုံးအဖြစ် ၃ နှစ်ဆက်တိုက် ရပ်တည်

Jul 16 • 1:46 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၌ Red Bull ပိုင်ရှင်မိသားစု အချမ်းသာဆုံးအဖြစ် ၃ နှစ်ဆက်တိုက် ရပ်တည်

Forbes မဂ္ဂဇင်း၏ နောက်ဆုံးထုတ်ပြန်ချက်အရ Red Bull လုပ်ငန်းပိုင်ရှင် Yoovidhya မိသားစုသည် ဒေါ်လာ ၄၇ ဘီလီယံဖြင့် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးနေရာကို ၃ နှစ်ဆက်တိုက်...

Forbes မဂ္ဂဇင်း၏ နောက်ဆုံးထုတ်ပြန်ချက်အရ Red Bull လုပ်ငန်းပိုင်ရှင် Yoovidhya မိသားစုသည် ဒေါ်လာ ၄၇ ဘီလီယံဖြင့် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးနေရာကို ၃ နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပြီး၊ စတော့ဈေးကွက်တက်လာမှုကြောင့် ထိုင်းသူဌေးကြီးများ၏ ကြွယ်ဝမှုမှာ ၁၀ ရာခိုင်နှုန်း တိုးတက်လာကာ ဒေါ်လာ ၁၈၇ ဘီလီယံအထိ ရှိလာကြောင်း Bangkok Post သတင်းအရ သိရသည်။ ၎င်းတို့နောက်တွင် CP Group ပိုင်ရှင် Chearavanont ညီအစ်ကိုများက ဒေါ်လာ ၃၆.၆ ဘီလီယံဖြင့် ဒုတိယ၊ Gulf Development ပိုင်ရှင် Sarath Ratanavadi က ဒေါ်လာ ၁၇.၆ ဘီလီယံဖြင့် တတိယ၊ Central ကုန်တိုက်ပိုင်ရှင် Chirathivat မိသားစုက ဒေါ်လာ ၁၁.၇ ဘီလီယံဖြင့် စတုတ္ထနှင့် Charoen Sirivadhanabhakdi က ဒေါ်လာ ၁၁.၅ ဘီလီယံဖြင့် ပဉ္စမနေရာတွင် အသီးသီး ရှိနေကြသည်။ ထူးခြားချက်အနေဖြင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ဒေါ်လာ ၁.၈ ဘီလီယံဖြင့် အဆင့် ၁၄ သို့ လျှောကျသွားပြီး၊ နိုင်ငံတကာမှ AI ဒေတာစင်တာများ လာရောက်ရင်းနှီးမြှုပ်နှံမှုကြောင့် စက်မှုဇုန်သူဌေးကြီး Jareeporn Jarukornsakul ၏ ကြွယ်ဝမှုမှာ ၆၉ ရာခိုင်နှုန်း ထိုးတက်ကာ အဆင့် ၂၈ သို့ ရောက်ရှိလာသည်။

news-view-count-icon

25