back

တရုတ်နိုင်ငံ၏ စီးပွားရေး သိသိသာသာ ကျဆင်းနေပြီး သတ်မှတ်ထားသည့် ရည်မှန်းချက် ပြည့်မီရန် ခက်ခဲနေ

Jul 15 • 9:07 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၏ စီးပွားရေး သိသိသာသာ ကျဆင်းနေပြီး သတ်မှတ်ထားသည့် ရည်မှန်းချက် ပြည့်မီရန် ခက်ခဲနေ

တရုတ်နိုင်ငံ၏ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် (ဧပြီလမှ ဇွန်လကုန်အထိ) စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (GDP) တိုးတက်မှုနှုန်းသည် ၄.၃ ရာခိုင်နှုန်းသာ ရှိခဲ့သဖြင့် ဘေဂျင်း...

တရုတ်နိုင်ငံ၏ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် (ဧပြီလမှ ဇွန်လကုန်အထိ) စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (GDP) တိုးတက်မှုနှုန်းသည် ၄.၃ ရာခိုင်နှုန်းသာ ရှိခဲ့သဖြင့် ဘေဂျင်းအစိုးရ သတ်မှတ်ထားသည့် နှစ်စဉ်စီးပွားရေးတိုးတက်မှု ရည်မှန်းချက် ၅ ရာခိုင်နှုန်းကို မမှီဘဲ သိသိသာသာ နှေးကွေးကျဆင်းသွားကြောင်း သိရသည်။ ယင်းကျဆင်းမှုမှာ ပြည်တွင်းဝယ်လိုအား နည်းပါးခြင်း၊ ဆက်တိုက်ကျဆင်းနေသည့် အိမ်ခြံမြေဈေးကွက်ပြဿနာများနှင့် အီရန်စစ်ပွဲကြောင့် ရေနံဈေးနှုန်းများအပေါ် ရိုက်ခတ်မှုများရှိလာခြင်းတို့ကြောင့် ဖြစ်ပြီး၊ ၎င်းသည် ကိုဗစ်ကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက်ပိုင်း အနိမ့်ဆုံး သုံးလပတ်စီးပွားရေးတိုးတက်မှုနှုန်းလည်း ဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ AI Chip ဈေးကွက်နှင့် တစ်ကမ္ဘာလုံးသို့ တင်ပို့နေရသည့် EV လျှပ်စစ်ကား တင်ပို့မှုကဏ္ဍ (တစ်လလျှင် အစီးရေ ၁ သန်းကျော်) စသည့် နည်းပညာပို့ကုန်ကဏ္ဍများတွင်မူ ဆက်လက်အားကောင်းနေဆဲဖြစ်ကြောင်း သိရသည်။

news-view-count-icon

13