back

ရှမ်းပြည်နယ် ရွာငံမြို့နယ်တွင် ဇွန်လအတွင်း ဓားပြတိုက်လုယက်မှု သုံးကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ဒေသခံများ စိုးရိမ်စိတ်မြင့်တက်

Jul 15 • 6:36 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ် ရွာငံမြို့နယ်တွင် ဇွန်လအတွင်း ဓားပြတိုက်လုယက်မှု သုံးကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ဒေသခံများ စိုးရိမ်စိတ်မြင့်တက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြိုင်စံပြကျေးရွာအုပ်စု အင်းခေါင်းကျေးရွာနှင့် ရေချမ်းကျေးရွာတို့တွင် ဇွန်လနောက်ဆုံးပတ်အတွင်း ဓားပြတိုက်လုယက်မှု ဖြစ်စဉ်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မြိုင်စံပြကျေးရွာအုပ်စု အင်းခေါင်းကျေးရွာနှင့် ရေချမ်းကျေးရွာတို့တွင် ဇွန်လနောက်ဆုံးပတ်အတွင်း ဓားပြတိုက်လုယက်မှု ဖြစ်စဉ်သုံးကြိမ်အထိ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်များမှာ ဈေးမှပြန်လာသည့် ရွှေဆိုင်ပိုင်ရှင်အား လမ်း၌ ကြားဖြတ်လုယက်ခြင်း၊ အင်းခေါင်းကျေးရွာနှင့် ရေချမ်းကျေးရွာတို့ရှိ နေအိမ်များအထိ ဝင်ရောက်ဓားပြတိုက်ခြင်းတို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ရွာငံမြို့နယ်အတွင်း အမည်မသိလူတစ်စုက လူသတ်မှုနှင့် ဓားပြတိုက်မှုများကို နေ့ခင်းဘက် လူပြတ်ချိန်များ၌ပါ မကြာခဏ ကျူးလွန်နေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးအတွက် စိုးရိမ်စိတ်မြင့်တက်လျက် ရှိသည်။ကျေးရွာဒေသခံများ၏ ပြောပြချက်အရ ဒေသတွင်း၌ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် စလော့ဂိမ်းကစားသူများ ယခင်ကထက် ပိုမိုများပြားလာကြောင်း သိရသည်။ တစ်ဖက်တွင်လည်း သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့များအနေဖြင့် လုံခြုံရေးကင်းလှည့်ခြင်း လုပ်ငန်းများကိုသာ လိုက်ပါဆောင်ရွက်နေရသဖြင့် မူးယစ်ဆေးသုံးစွဲသူများ၊ သက်ငယ်မုဒိန်း ကျူးလွန်သူများနှင့် ဓားပြမှုကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

news-view-count-icon

13