back

တနင်္သာရီမြစ်ရေ ရုတ်တရက် မြင့်တက်လာမှုကြောင့် ကျေးရွာအချို့ရှိ စိုက်ခင်းရာချီ ရေမြုပ်ပြီး ဆုံးရှုံးမှုများပြား

Jul 15 • 3:21 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီမြစ်ရေ ရုတ်တရက် မြင့်တက်လာမှုကြောင့် ကျေးရွာအချို့ရှိ စိုက်ခင်းရာချီ ရေမြုပ်ပြီး ဆုံးရှုံးမှုများပြား

တနင်္သာရီမြစ်ရေသည် မိုးသည်းထန်စွာရွာသွန်းပြီးနောက် တစ်ညတွင်းချင်း ချက်ချင်းမြင့်တက်လာခဲ့သဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ကိုင်းစိုက်ခင်းများ ရေ...

တနင်္သာရီမြစ်ရေသည် မိုးသည်းထန်စွာရွာသွန်းပြီးနောက် တစ်ညတွင်းချင်း ချက်ချင်းမြင့်တက်လာခဲ့သဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ကိုင်းစိုက်ခင်းများ ရေမြုပ်ပျက်စီးကာ ဆုံးရှုံးမှုများပြားလျက်ရှိကြောင်း ဒေသခံများနှင့် ထားဝယ်ဝေါ့ချ် သတင်းအရ သိရသည်။ပြီးခဲ့သည့် ရက်သတ္တပတ်မှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် မြစ်ရေ တဖြည်းဖြည်း တက်လာရာမှ ဇူလိုင်လ ၁၃ ရက် ညပိုင်းတွင် ရေများ ရုတ်တရက် အရှိန်အဟုန်ဖြင့် တက်လာခဲ့ခြင်း ဖြစ်သည်။ ယခင်နှစ်များတွင် မြစ်ရေမှာ တရွေ့ရွေ့သာ တက်လေ့ရှိသဖြင့် စိုက်ခင်းများမှ သီးနှံများကို အချိန်မီ ခူးဆွတ်ရောင်းချနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ရေတက်မြန်လွန်းသဖြင့် တောင်သူများအနေဖြင့် သီးနှံများကို မခူးဆွတ်နိုင်ဘဲ တစ်ညတွင်းချင်း ရေမြုပ်ဆုံးရှုံးခဲ့ရသည်။တနင်္သာရီမြစ်တစ်လျှောက်ရှိ သိန္ဓော၊ တကူ၊ ဘန်လောနှင့် သာရဘွင်ကျေးရွာအုပ်စုများရှိ မြစ်ဘေးဝဲယာနှင့် ကျွန်းများတွင် ငရုတ်၊ ခရမ်း၊ မုန်လာ၊ စိမ်းစားနှင့် ပြောင်းဖူး စသည့် ကိုင်းသီးနှံများကို ဧကရာချီ စိုက်ပျိုးထားကြခြင်းဖြစ်သည်။ အဆိုပါ ငရုတ်နှင့် ခရမ်းပင်များမှာ ရေမြုပ်သည့်ရက် ကြာမြင့်ပါက သေဆုံးသွားနိုင်ပြီး လက်ရှိတွင် လုပ်ငန်းအကိုင် ရှားပါးမှုကြောင့် ကိုင်းပြန်စိုက်သည့် တောင်သူဦးရေ ပိုမိုများပြားလာချိန်တွင် ယခုကဲ့သို့ ရေဘေးနှင့် ရုတ်တရက် ကြုံတွေ့ရသဖြင့် ပိုမိုခက်ခဲ ဆုံးရှုံးနေကြရကြောင်း ဒေသခံများက ပြောကြားထားသည်။

news-view-count-icon

21