back

ဗီယက်နမ် ဖူကုခ်ကျွန်းတွင် အိန္ဒိယကမ္ဘာလှည့်ခရီးသည် ၁၅ ဦး သေဆုံးခဲ့သည့် စပိဘုတ်မှောက်မှုကြောင့် ခရီးစဉ်များ ယာယီရပ်ဆိုင်း

Jul 14 • 2:45 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ် ဖူကုခ်ကျွန်းတွင် အိန္ဒိယကမ္ဘာလှည့်ခရီးသည် ၁၅ ဦး သေဆုံးခဲ့သည့် စပိဘုတ်မှောက်မှုကြောင့် ခရီးစဉ်များ ယာယီရပ်ဆိုင်း

ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဖူကုခ် (Phu Quoc) ကျွန်းအနီး မေရုသ်ငွိုင် (May Rut Ngoai) ကျွန်းငယ်မှ ခရီးသည်များကို တင်ဆောင်လာသည့် စပိဘုတ်တစ်စီး လှိုင်းကြီးလေထန်မှု...

ဗီယက်နမ်နိုင်ငံတောင်ပိုင်း ဖူကုခ် (Phu Quoc) ကျွန်းအနီး မေရုသ်ငွိုင် (May Rut Ngoai) ကျွန်းငယ်မှ ခရီးသည်များကို တင်ဆောင်လာသည့် စပိဘုတ်တစ်စီး လှိုင်းကြီးလေထန်မှုကြောင့် မှောက်ခရီးသွားခဲ့ရာ အိန္ဒိယနိုင်ငံသား ၁၅ ဦး သေဆုံးခဲ့ရပြီးနောက် ဒေသတွင်း ကျွန်းပတ်စပိဘုတ်ခရီးစဉ်များကို ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

အဆိုပါ စပိဘုတ်ပေါ်တွင် အိန္ဒိယခရီးသည် ၃၂ ဦးနှင့် ဗီယက်နမ်အမှုထမ်း၊ ဧည့်လမ်းညွှန် ၄ ဦး၊ စုစုပေါင်း ၃၆ ဦး လိုက်ပါလာခဲ့ပြီး ကမ်းခြေနှင့် မီတာ ၄၀၀ ခန့်အကွာတွင် လှိုင်းကြီးပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ ၂၁ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ဗီယက်နမ်ဝန်ကြီးချုပ် လီမင်ဟန် (Le Minh Hung) က ဖြစ်စဉ်နှင့်ပတ်သက်၍ အရေးပေါ်စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားပြီး ဘေးကင်းလုံခြုံရေးစည်းကမ်းများ ချိုးဖောက်မှု သံသယဖြင့် စပိဘုတ်မောင်းနှင်သူ အသက် ၅၇ နှစ်အရွယ် ကပ္ပတိန်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားသည်။

news-view-count-icon

13