ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပမည့် Esports World Cup 2026 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံကိုယ်စားပြု YG MLBB အသင်း၏ ခရီးမထွက်ခွာမီ Press Conference နှင့် Fan Meeting အခမ်းအနားကို ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းရှိ Institute Francais de Birmanie (IFB) ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲအခမ်းအနားသို့ YG MLBB အသင်း၏ Founder နှင့် တာဝန်ရှိသူများ၊ နည်းပြအဖွဲ့၊ ကစားသမားများနှင့်အတူ အားပေးကြသည့် ပရိသတ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အားတက်သရော တက်ရောက်ခဲ့ကြသည်။


