လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ဇူလိုင် ၄ ရက်က လာအိုနိုင်ငံ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီး Mr. Phoxay Sayasone နှင့် တွေ့ဆုံကာ လာအိုနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificate of Identity (CI) ထုတ်ပေးနိုင်ရေးနှင့် အလုပ်သမားအခွင့်အရေးများ ပိုမိုရရှိစေရေးတို့အတွက် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
လာအိုရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား CI ထုတ်ပေးရေးနှင့် အခွင့်အရေးကာကွယ်ရေးအတွက် နှစ်နိုင်ငံဝန်ကြီးများ ဆွေးနွေး
Jul 05 • 9:15 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


