back

ကမ္ဘောဒီးယားနိုင်ငံ၊ တက်ချို (Techo) အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒေသတွင်းဗဟိုချက်ဖြစ်စေရန် လမ်းပြမြေပုံချမှတ်

Jun 28 • 3:21 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားနိုင်ငံ၊ တက်ချို (Techo) အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒေသတွင်းဗဟိုချက်ဖြစ်စေရန် လမ်းပြမြေပုံချမှတ်

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်နောက်ပိုင်း ခရီးသည်ဝင်ရောက်မှု လျော့နည်းနေသော်လည်း လေကြောင်းကုန်စည်ပို့ဆောင်ရေး (Air Cargo) ကဏ္ဍ သိသိသာသာ တိုးတက်လာခြင်းကြောင့် တက...

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်နောက်ပိုင်း ခရီးသည်ဝင်ရောက်မှု လျော့နည်းနေသော်လည်း လေကြောင်းကုန်စည်ပို့ဆောင်ရေး (Air Cargo) ကဏ္ဍ သိသိသာသာ တိုးတက်လာခြင်းကြောင့် တက်ချိုအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒေသတွင်း လေကြောင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက် (Regional Hub) အဖြစ် ပြောင်းလဲပစ်ရန် ကမ္ဘောဒီးယား အရပ်ဘက်လေကြောင်းဦးစီးဌာန (SSCA) က မဟာဗျူဟာမြောက် လမ်းပြမြေပုံတစ်ခုကို ချမှတ်လိုက်သည်။ အဆိုပါ လမ်းပြမြေပုံအရ ကမ္ဘောဒီးယားအစိုးရသည် တက်ချိုလေဆိပ်၌ ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို အရှိန်အဟုန်မြှင့် တိုးချဲ့တည်ဆောက်သွားမည့် "Cargo-led growth strategy" ကို ပထမဦးစားပေး အကောင်အထည်ဖော်မည်ဖြစ်ပြီး၊ လေဆိပ်သစ်၏ အားသာချက်များနှင့် ချိတ်ဆက်မှုစွမ်းရည်များကို အသုံးချကာ "Aviation Hub Vision 2035" စီမံကိန်းအရ တက်ချိုလေဆိပ်ကို အာဆီယံဒေသတွင်း အဓိကမောင်းနှင်အားတစ်ခုဖြစ်လာစေရန် ရည်မှန်းဆောင်ရွက်နေခြင်း ဖြစ်သည်။

news-view-count-icon

11