back

မလေးရှား၌ ရင်းဂစ်ငွေလဲနှုန်း အမေရိကန်၏ ဒေါ်လာတန်ဖိုးတက်လာသဖြင့် အတက်အကျ ရောထွေးနေ

Jun 09 • 3:47 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှား၌ ရင်းဂစ်ငွေလဲနှုန်း အမေရိကန်၏ ဒေါ်လာတန်ဖိုးတက်လာသဖြင့် အတက်အကျ ရောထွေးနေ

အမေရိကန်နိုင်ငံ၏ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်သော မေလအတွက် လယ်ယာကဏ္ဍမဟုတ်သော အလုပ်အကိုင်သစ် ခန့်အပ်မှုဆိုင်ရာ အချက်အလက်များ (Nonfarm payrolls) ကြောင့် အ...

အမေရိကန်နိုင်ငံ၏ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်သော မေလအတွက် လယ်ယာကဏ္ဍမဟုတ်သော အလုပ်အကိုင်သစ် ခန့်အပ်မှုဆိုင်ရာ အချက်အလက်များ (Nonfarm payrolls) ကြောင့် အမေရိကန်ဒေါ်လာ ညွှန်းကိန်း (DXY) သည် ၁၀၀.၀၆၉ အမှတ်အထိ မြင့်တက်ကာ ဒေါ်လာတန်ဖိုး အားကောင်းလာခဲ့ရာ၊ ဇွန်လ ၈ ရက် (တနင်္လာနေ့) နံနက်ပိုင်း မလေးရှားနိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်ဖွင့်ချိန်တွင် မလေးရှားရင်းဂစ် (Ringgit) ငွေလဲနှုန်းမှာ ဒေါ်လာနှင့်နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းသွားသော်လည်း အခြားသော အဓိကနိုင်ငံတကာငွေကြေးများနှင့် ဒေသတွင်းငွေကြေးများအပေါ်၌မူ အများစု ပြန်လည်ဦးမော့လာကာ ဈေးကွက်အတွင်း အတက်အကျ ရောထွေးလျက်ရှိသည်။ ရင်းဂစ်ငွေလဲနှုန်းသည် ပြီးခဲ့သည့်သောကြာနေ့ ဈေးပိတ်ချိန်က တစ်ဒေါ်လာလျှင် ၄.၀၂၈၀/၀၃၂၀ ရင်းဂစ် ရှိခဲ့ရာမှ ယနေ့နံနက်တွင် ၄.၀၄၇၀/၀၅၂၀ ရင်းဂစ်သို့ ကျဆင်းသွားခဲ့ပြီး၊ အမေရိကန်၏ အလုပ်အကိုင်သစ် ၁၇၂,၀၀၀ အထိ (မျှော်မှန်းချက် ၈၅,၀၀၀ ထက် ကျော်လွန်၍) ထွက်ပေါ်လာကာ အလုပ်လက်မဲ့နှုန်း ၄.၃ ရာခိုင်နှုန်းတွင် ဆက်လက်တည်ငြိမ်နေမှုကြောင့် လာမည့် ဇွန်လ ၁၆-၁၇ ရက်တွင် ကျင်းပမည့် အမေရိကန်ဗဟိုဘဏ် (Fed) ၏ အစည်းအဝေးတွင် အတိုးနှုန်းကို ဆက်လက်မြှင့်တင်ထားရန် ဖိအားဖြစ်စေမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။ သို့သော်လည်း ရင်းဂစ်သည် ဗြိတိန်ပေါင် (၅.၃၉၆၃/၄၀၂၉) နှင့် ယူရို (၄.၆၆၃၀/၆၆၈) တို့အပေါ်တွင် တန်ဖိုးတက်လာခဲ့ပြီး၊ ဂျပန်ယန်းအပေါ်တွင်မူ အနည်းငယ် ပြန်ကျခဲ့ကာ၊ ဒေသတွင်းငွေကြေးများဖြစ်သည့် စင်ကာပူဒေါ်လာ (၃.၁၃၄၃/၁၃၈၄) နှင့် ထိုင်းဘတ်တို့အပေါ်တွင် တန်ဖိုးတက်လာခဲ့သော်လည်း ဖိလစ်ပိုင်ပီဆိုနှင့် အင်ဒိုနီးရှားရူပီးတို့နှင့် နှိုင်းယှဉ်ပါက အနည်းငယ် ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။

news-view-count-icon

30