back

ထိုင်းနိုင်ငံ၊ချင်းမိုင်ရှိ ဇိမ်ခံအိမ်ရာများတွင် အခြေစိုက်သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းကို စီးနင်းရာ မြန်မာနှင့် တရုတ်နိုင်ငံသား ၁၅ ဦး ဖမ်းဆီးခံရ

Jun 08 • 12:48 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ချင်းမိုင်ရှိ ဇိမ်ခံအိမ်ရာများတွင် အခြေစိုက်သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းကို စီးနင်းရာ မြန်မာနှင့် တရုတ်နိုင်ငံသား ၁၅ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဆာရဖီ (Saraphi) မြို့နယ်ရှိ ဇိမ်ခံအိမ်ရာဝင်းတစ်ခုအတွင်း နေအိမ်နှစ်လုံးကို တစ်လလျှင် ဘတ် ၇ သောင်းနှင့် တစ်သိန်းစီဖြင့် ငှားရမ်းကာ...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဆာရဖီ (Saraphi) မြို့နယ်ရှိ ဇိမ်ခံအိမ်ရာဝင်းတစ်ခုအတွင်း နေအိမ်နှစ်လုံးကို တစ်လလျှင် ဘတ် ၇ သောင်းနှင့် တစ်သိန်းစီဖြင့် ငှားရမ်းကာ အွန်လိုင်းငွေလိမ်လည်မှု (Scam) လုပ်ဆောင်နေသည့် တရုတ်နိုင်ငံသား ၁၁ ဦးနှင့် မြန်မာနိုင်ငံသား ၄ ဦး (စုစုပေါင်း ၁၅ ဦး) ကို ဇွန်လ ၈ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သည်။ စီးနင်းမှုအတွင်း ကွန်ပျူတာ ၁၀ လုံး၊ လက်ကိုင်ဖုန်း ၄၅ လုံးကျော်နှင့် တရုတ်နိုင်ငံသား သောင်းနှင့်ချီသည့် အချက်အလက် (Database) များကို သိမ်းဆည်းရမိခဲ့ပြီး၊ ဂိုဏ်းချုပ်ဖြစ်သူမှာမူ တရုတ်နိုင်ငံအတွင်း ရှိနေကြောင်း သိရသည်။၎င်းအဖွဲ့သည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည်မှာ ၂ လမှ ၃ လခန့် ရှိပြီဖြစ်ကာ အဖွဲ့ဝင်တစ်ဦးလျှင် တစ်လလစာ ဘတ် ၅ သောင်းစီကို ခရစ်ပတိုငွေကြေး (Cryptocurrency) ဖြင့် စနစ်တကျ ပေးချေလည်ပတ်နေခြင်းဖြစ်သည်။ သူတို့၏ လိမ်လည်မှုပုံစံမှာ တရုတ်နှင့် ထိုင်းနိုင်ငံရှိ တရုတ်လူမျိုးများကို ပစ်မှတ်ထား၍ အာမခံလုပ်ငန်းများ လိမ်လည်ရောင်းချခြင်းနှင့် ငွေလဲလှယ်သည့်ကိစ္စများတွင် ဖုန်းဖြင့် ဆက်သွယ်လိမ်လည်ခြင်း ဖြစ်သည်။

news-view-count-icon

12