back

လာအို၌ လှိုဏ်ဂူအတွင်း ပိတ်မိနေသူများထဲမှ ကျန်ရှိနေသည့် ရွာသားနှစ်ဦးအား ရှာဖွေရေးလုပ်ငန်းကို အန္တရာယ်များလွန်းသဖြင့် ဆိုင်းငံ့လိုက်ရ

Jun 08 • 2:26 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအို၌ လှိုဏ်ဂူအတွင်း ပိတ်မိနေသူများထဲမှ ကျန်ရှိနေသည့် ရွာသားနှစ်ဦးအား ရှာဖွေရေးလုပ်ငန်းကို အန္တရာယ်များလွန်းသဖြင့် ဆိုင်းငံ့လိုက်ရ

လာအိုနိုင်ငံ အလယ်ပိုင်း ဆိုင်စွန်ဘွန်း (Xaysomboun) ပြည်နယ်ရှိ ရေမြုပ်နေသော လှိုဏ်ဂူတစ်ခုအတွင်း ရက်သတ္တပတ်နှစ်ပတ်ကျော်ကြာ ပိတ်မိနေခဲ့သည့် ရွာသား ၇ ဦးအနက် ကျန်ရှ...

လာအိုနိုင်ငံ အလယ်ပိုင်း ဆိုင်စွန်ဘွန်း (Xaysomboun) ပြည်နယ်ရှိ ရေမြုပ်နေသော လှိုဏ်ဂူတစ်ခုအတွင်း ရက်သတ္တပတ်နှစ်ပတ်ကျော်ကြာ ပိတ်မိနေခဲ့သည့် ရွာသား ၇ ဦးအနက် ကျန်ရှိနေသေးသော ရွာသားနှစ်ဦးအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို လှိုဏ်ဂူဝနှင့် အတွင်းပိုင်း ဖွဲ့စည်းပုံများ မတည်မငြိမ်ဖြစ်လာခြင်း၊ ပြိုကျနိုင်ခြေရှိခြင်းတို့ကြောင့် ဇွန်လ ၆ ရက်နေ့တွင် ကယ်ဆယ်ရေးအဖွဲ့များက ယာယီဆိုင်းငံ့လိုက်ရသည်။ အဆိုပါလှိုဏ်ဂူအတွင်း မေလလယ်ပိုင်းက ရွာသား ၇ ဦး ပိတ်မိခဲ့ရာ လာအိုနှင့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များ (ထိုင်း၊ မလေးရှား၊ ဖင်လန်၊ ဂျပန်) ၏ အပြင်းအထန် ကြိုးပမ်းမှုကြောင့် မေလ ၂၉ နှင့် ၃၀ ရက်တို့တွင် ရွာသား ၅ ဦးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သော်လည်း ကျန်နှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။ ကယ်ဆယ်ရေးခေါင်းဆောင်များ၏ ပြောကြားချက်အရ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းမြဲဖြစ်၍ လှိုဏ်ဂူအတွင်းသို့ လူဝင်ရောက်ရှာဖွေရန် အလွန်အန္တရာယ်များနေသဖြင့် လူကိုယ်တိုင်ဝင်ရောက်မှုကို ပိတ်ပင်ထားသော်လည်း လှိုဏ်ဂူပြင်ပမှနေ၍ ရေစုပ်ထုတ်ခြင်းလုပ်ငန်းများကိုမူ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ဂူအတွင်းပိုင်း နေရာအချို့တွင်လည်း ရိက္ခာနှင့် အသက်ရှင်သန်ရေး အထောက်အကူပြုပစ္စည်းများကို ကြိုတင်ချထားပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

13