back

ထိုင်းနိုင်ငံ၌ ဘုရားသုံးဆူဒေသရှိ Scammer စင်တာများသို့ သွားမည့် တရုတ်နိုင်ငံသား (၄) ဦးကို iPhone ၈၀ ကျော်နှင့်အတူ ဖမ်းဆီးရမိ

Jun 08 • 2:22 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၌ ဘုရားသုံးဆူဒေသရှိ Scammer စင်တာများသို့ သွားမည့် တရုတ်နိုင်ငံသား (၄) ဦးကို iPhone ၈၀ ကျော်နှင့်အတူ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း၌ မြန်မာနိုင်ငံ နယ်စပ်ဘုရားသုံးဆူဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (Scammer) စင်တာများသို့ သွားရောက်မည့် တရုတ်နိုင်ငံသား (၄)...

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း၌ မြန်မာနိုင်ငံ နယ်စပ်ဘုရားသုံးဆူဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (Scammer) စင်တာများသို့ သွားရောက်မည့် တရုတ်နိုင်ငံသား (၄) ဦးကို iPhone ဖုန်း ၈၀ ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ယမန်နေ့က ကန်ချနဘူရီမြို့၊ ပတ်ပရက် (Pak Phraek) နယ်မြေအတွင်း ရဲတပ်ဖွဲ့က လှည့်ကင်းဆောင်ရွက်နေစဉ် လမ်းကြားတစ်ခု၌ တက္ကစီပေါ်မှ လူနှင့်ပစ္စည်းများကို အခြားယာဉ်တစ်စီးပေါ်သို့ ပြောင်းရွှေ့နေသည့် သံသယဖြစ်ဖွယ် အခြေအနေကို စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ယာဉ်မောင်းဖြစ်သူ အသက် (၃၄) နှစ်အရွယ် မွန်အမျိုးသားနှင့်အတူ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား (၄) ဦးကို စစ်ဆေးရာ (၃) ဦးမှာ မည်သည့်အထောက်အထားမှ မရှိဘဲ၊ ကျန် (၁) ဦးမှာလည်း ဗီဇာသက်တမ်းကုန်ဆုံးနေသည့် တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

news-view-count-icon

20