back

ပုလင်းခွံပေါင်း ၁ သန်းကျော်ဖြင့် တည်ဆောက်ထားသည့် ထိုင်းနိုင်ငံ၏ Wat Pa Maha Chedi Kaew (Million Bottle Temple) ကျောင်းတော်ကြီး

Jun 07 • 10:09 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ပုလင်းခွံပေါင်း ၁ သန်းကျော်ဖြင့် တည်ဆောက်ထားသည့် ထိုင်းနိုင်ငံ၏ Wat Pa Maha Chedi Kaew (Million Bottle Temple) ကျောင်းတော်ကြီး

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Sisaket တွင် တည်ရှိပြီး "Million Bottle Temple" ဟု လူသိများသည့် Wat Pa Maha Chedi Kaew ဘုရားကျောင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်...

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Sisaket တွင် တည်ရှိပြီး "Million Bottle Temple" ဟု လူသိများသည့် Wat Pa Maha Chedi Kaew ဘုရားကျောင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်း အကျိုးရှိရှိ အသုံးချရေးအတွက် ကမ္ဘာ့မီဒီယာများအထိ နာမည်ကြီးသည့် အံ့ဖွယ်ကျောင်းတော်ကြီးဖြစ်သည်။ အဆိုပါ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ အဆောက်အဦးများ၊ နံရံ၊ အမိုးနှင့် စေတီတော်ကြီးကို သံဃာတော်များနှင့် ဒေသခံများ စုပေါင်းကာ အစိမ်းရောင် Heineken ပုလင်းခွံနှင့် အညိုရောင် Chang ပုလင်းခွံပေါင်း ၁.၅ သန်းကျော်ဖြင့် သေချာစီရီ တည်ဆောက်ထားခြင်းဖြစ်သည်။ ထို့ပြင် စွန့်ပစ်ပုလင်းအဖုံးများကိုပါ မလွှင့်ပစ်ဘဲ ဘုရားဟောဇာတ်တော် နံရံဆေးရေးပန်းချီ ကွက်ပြားများအဖြစ် အနုပညာဆန်ဆန် ဖန်တီးထားပြီး ရေကန်အလယ်တွင် ဆောက်လုပ်ထားသည့် ပုလင်းကျောင်းဆောင်ကြီးမှာလည်း စိတ်အပန်းဖြေရန် ဆိတ်ငြိမ်အေးချမ်းလှသဖြင့် ကမ္ဘာပေါ်တွင် တစ်ခုတည်းရှိသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အံ့ဖွယ်ခရီးစဉ်တစ်ခုအဖြစ် လည်ပတ်နိုင်ကြောင်း သိရသည်။

news-view-count-icon

26