ထိုင်း-မြန်မာနယ်စပ်၊ တာချီလိတ်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့မဈေးအတွင်း ဇွန်လ ၆ ရက်နေ့ ည ၇ နာရီခန့်က မြန်မာရွှေ့ပြောင်းလုပ်သားအချင်းချင်း စကားများရန်ဖြစ်ရာမှ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွားရာသို့ ထိုင်းရဲတပ်ဖွဲ့ ရောက်ရှိလာချိန်တွင် ရိုက်နှက်သူမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး၊ ဒဏ်ရာရရှိသူ အမျိုးသားအား အမှတ် (၂) ယူနစ် ထိုင်းရဲကင်းလှည့်တပ်ဖွဲ့က ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ချိတ်ဆက်ကာ ရှေးဦးသူနာပြုစုမှုများ ပြုလုပ်ပေးခဲ့ပြီးနောက် မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က လိုအပ်သည်များကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Jun 07 • 10:07 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


