back

မြန်မာ-တရုတ်၊ မြန်မာ-လာအို ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

Jun 07 • 7:48 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

မြန်မာ-တရုတ်၊ မြန်မာ-လာအို ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တရုတ်နှင့် လာအိုနိုင်ငံ...

ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တရုတ်နှင့် လာအိုနိုင်ငံမှ ကျန်းမာရေးတာဝန်ရှိသူများနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ဇွန် ၅ ရက်က ကျင်းပသည့် (၁၀)ကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသ ငှက်ဖျားရောဂါကင်းစင်ပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ဒုတိယဝန်ကြီး Dr. Yong Zhang နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။တွေ့ဆုံစဉ် မြန်မာ-တရုတ်နယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါနှင့် အခြားကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။

news-view-count-icon

1