တောင်ကိုရီးယားရှိ ဆိုလ်းတက္ကသိုလ် (University of Seoul) သည် ကျောင်းသားများ၏ ဘွဲ့ကြိုပရောဂျက်များကို ပြသသည့် (၄၀) ကြိမ်မြောက် မြို့ပြသိပ္ပံပူးတွဲပြပွဲ (Urban Science Joint Exhibition) ကို ၎င်း၏ကန်ပတ်စ်ဝင်းအတွင်းရှိ ရာစုနှစ်အထိမ်းအမှတ်ခန်းမ၌ ယမန်နေ့အထိ၅ ရက်ကြာ ကျင်းပခဲ့သည်။ အဆိုပါပြပွဲသည် ဗိသုကာပညာ၊ မြို့ပြစီမံကိန်းနှင့် သယ်ယူပို့ဆောင်ရေး အင်ဂျင်နီယာဘာသာရပ်စသည့် ကဏ္ဍစုံမှ ကျောင်းသားများ စုပေါင်းပြသသည့် ကိုရီးယားနိုင်ငံ၏ တစ်ခုတည်းသော ပူးတွဲပြပွဲဖြစ်ပြီး၊ ယခုနှစ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အင်ဂျင်နီယာဘာသာရပ် ကျောင်းသားများ ပထမဆုံးအကြိမ် ပါဝင်လာကာ ခေတ်သစ်မြို့ပြစိန်ခေါ်မှုများကို အဆင့်မြင့်နည်းပညာများဖြင့် ဖြေရှင်းနိုင်မည့် သုတေသနများကိုပါ တိုးချဲ့ပြသခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယား ကျောင်းသားများ၏ ဘွဲ့ကြိုပရောဂျက်များကို ပြသသည့် မြို့ပြသိပ္ပံပူးတွဲပြပွဲ ဆိုလ်းတက္ကသိုလ်တွင် ကျင်းပ
Jun 07 • 7:20 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


