back

ဂျပန်နိုင်ငံ၊ တိုကျိုမြို့အောက် တိုက်ရိုက်လှုပ်ခတ်မည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ထက်ဝက်ကျော် လျှော့ချရန် ဂျပန်အစိုးရ ရည်မှန်းချက်ချမှတ်

Jun 07 • 4:49 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံ၊ တိုကျိုမြို့အောက် တိုက်ရိုက်လှုပ်ခတ်မည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို ထက်ဝက်ကျော် လျှော့ချရန် ဂျပန်အစိုးရ ရည်မှန်းချက်ချမှတ်

ဂျပန်အစိုးရသည် တိုကျိုမြို့တော်အောက်တည့်တည့်၌ အင်အားပြင်းငလျင် လှုပ်ခတ်လာပါက ဖြစ်ပေါ်လာနိုင်မည့် ထိခိုက်ပျက်စီးမှုများနှင့် သေဆုံးနိုင်ခြေများကို ယခုဆယ်စုနှစ်အတ...

ဂျပန်အစိုးရသည် တိုကျိုမြို့တော်အောက်တည့်တည့်၌ အင်အားပြင်းငလျင် လှုပ်ခတ်လာပါက ဖြစ်ပေါ်လာနိုင်မည့် ထိခိုက်ပျက်စီးမှုများနှင့် သေဆုံးနိုင်ခြေများကို ယခုဆယ်စုနှစ်အတွင်း ထက်ဝက်ကျော် (၅၀ ရာခိုင်နှုန်းမက) လျှော့ချရန် ရည်မှန်းထားသည့် အရေးပေါ်တုံ့ပြန်ရေး အခြေခံစီမံချက်မူကြမ်းကို ပြင်ဆင်ရေးဆွဲလိုက်သည်။ အဆိုပါပြင်ဆင်ချက်အရ ငလျင်ကြောင့် နောက်ဆက်တွဲ မီးလောင်ကျွမ်းမှုများကို ကာကွယ်ရန် တိုကျိုနှင့် အနီးနားရှိ ခရိုင် ၉ ခုတွင် ငလျင်တုန်ခါမှုကို ထောက်လှမ်းမိသည်နှင့် လျှပ်စစ်ဓာတ်အားကို အလိုအလျောက် ဖြတ်တောက်ပေးမည့်စနစ် (Seismic circuit breakers) များကို အဓိကဇုန်များ၌ မဖြစ်မနေ တပ်ဆင်သွားမည်ဖြစ်ပြီး၊ ငလျင်ဒဏ်ခံနိုင်ရည်အားနည်းသော လူနေအိမ်များကို ဖယ်ရှားရှင်းလင်းခြင်း၊ စီးပွားရေးလုပ်ငန်းများ ရပ်တန့်မသွားစေရန် ကုမ္ပဏီများတွင် လုပ်ငန်းစဉ်မပြတ် ဆက်လက်လည်ပတ်နိုင်မည့် အစီအစဉ်များ (BCP) ရှိနေစေရန် ဆောင်ရွက်ခြင်းနှင့် အိမ်ထောင်စုတိုင်းတွင် အနည်းဆုံး ၃ ရက်စာ ရိက္ခာကြိုတင်စုဆောင်းထားရန် လှုံ့ဆော်ခြင်းတို့ကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

13