back

ဗီယက်နမ်၌ ငါးလတာကာလအတွင်း နိုင်ငံတကာခရီးသွားဝင်ရောက်မှု စံချိန်သစ်တင်ခဲ့ပြီး ခရီးသွားကဏ္ဍ အရှိန်အဟုန်မြင့်လာ

Jun 07 • 2:46 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်၌ ငါးလတာကာလအတွင်း နိုင်ငံတကာခရီးသွားဝင်ရောက်မှု စံချိန်သစ်တင်ခဲ့ပြီး ခရီးသွားကဏ္ဍ အရှိန်အဟုန်မြင့်လာ

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် မေလတွင် နိုင်ငံတကာခရီးသွား ၁.၈ သန်းခန့် ဝင်ရောက်ခဲ့ရာ ယခင်နှစ်ထက် ၁၆.၅ ရာခိုင်နှုန်း တိုးတက်လာပြီး မေလအလိုက် သမိုင်းတလျှောက် အမြင့်ဆု...

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် မေလတွင် နိုင်ငံတကာခရီးသွား ၁.၈ သန်းခန့် ဝင်ရောက်ခဲ့ရာ ယခင်နှစ်ထက် ၁၆.၅ ရာခိုင်နှုန်း တိုးတက်လာပြီး မေလအလိုက် သမိုင်းတလျှောက် အမြင့်ဆုံးစံချိန်သစ် တင်နိုင်ခဲ့သည်။ ထို့အပြင် ဇန်နဝါရီမှ မေလအထိ ငါးလတာကာလအတွင်း၌လည်း ကမ္ဘာလှည့်ခရီးသည် ၁၀.၆ သန်းအထိ စံချိန်တင် ဝင်ရောက်ခဲ့သဖြင့် ယခုနှစ်အတွက် သတ်မှတ်ထားသော ခရီးသွား ၂၅ သန်း ရည်မှန်းချက်၏ ၄၂ ရာခိုင်နှုန်းကို ငါးလအတွင်း ရရှိသွားပြီဖြစ်သည်။ ၎င်းခရီးသွားဈေးကွက်တွင် တရုတ်နှင့် တောင်ကိုရီးယားတို့က အဓိကအများဆုံး ဝင်ရောက်နေဆဲဖြစ်ပြီး ရုရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှလည်း သိသာစွာ မြင့်တက်လာကြောင်း သိရသည်။

news-view-count-icon

14