လာအိုနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (EDL) က ဗီယင်ကျန်းမြို့တော်ရှိ ခရိုင်အသီးသီးတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုစနစ် အဆင့်မြှင့်တင်ခြင်း၊ ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ဇွန်လ ၅ ရက်မှ ၉ ရက်အထိ သတ်မှတ်ထားသော အချိန်ဇယားအလိုက် နေရာအတော်များများတွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ ထို့ကြောင့် အဆိုပါရက်များအတွင်း ဒေသခံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ဓာတ်အားပြတ်တောက်မှုကြောင့် အခက်အခဲမရှိစေရန် ကြိုတင်ပြင်ဆင်ထားကြရန်နှင့် ဘေးကင်းလုံခြုံရေးအတွက် လျှပ်စစ်ပစ္စည်းများကို ဂရုပြုကိုင်တွယ်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။
လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ နေရာအတော်များများတွင် ဇွန်လ ၉ ရက်အထိ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်
Jun 07 • 2:23 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


