back

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ထံမှ အခွန်ကြွေးမြီ ဘတ် ၁၇ ဘီလီယံကျော် မရပါက လူမွဲခံယူမှုအဖြစ် တရားစွဲရန် ထိုင်းအခွန်ဦးစီးဌာန ပြင်ဆင်

Jun 06 • 12:54 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ထံမှ အခွန်ကြွေးမြီ ဘတ် ၁၇ ဘီလီယံကျော် မရပါက လူမွဲခံယူမှုအဖြစ် တရားစွဲရန် ထိုင်းအခွန်ဦးစီးဌာန ပြင်ဆင်

ထိုင်းနိုင်ငံ ဗဟိုတရားရုံးချုပ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ အခွန်ရှောင်မှုအပေါ် အခွန်ဦးစီးဌာန၏ စည်းကြပ်မှုကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် တရားဝင်အတည်ပြု...

ထိုင်းနိုင်ငံ ဗဟိုတရားရုံးချုပ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ အခွန်ရှောင်မှုအပေါ် အခွန်ဦးစီးဌာန၏ စည်းကြပ်မှုကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် တရားဝင်အတည်ပြုပေးခဲ့ပြီးနောက် အခွန်ဦးစီးဌာနသည် ဘတ် ၁၇ ဒသမ ၆ ဘီလီယံကျော်ရှိသော အခွန်ကြွေးမြီများကို အပြည့်အဝပြန်မရပါက ၎င်းအား လူမွဲခံယူမှုအဖြစ် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။ အဆိုပါအမှုမှာ ၂၀၁၇ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး သက်ဆင်သည် Shin Corporation ၏ ရှယ်ယာများကို သားသမီးများအမည်ဖြင့် ဖုံးကွယ်ကာ အခွန်ရှောင်ခဲ့ကြောင်း တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ၎င်း၏ ပြည်တွင်းပြည်ပ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် စုံစမ်းလျက်ရှိသည်။ သက်ဆင်သည် ၂၀၂၅ ခုနှစ် ဖော့ဘ်စ်စာရင်းအရ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ (ဘတ် ၇၂ ဘီလီယံခန့်) ချမ်းသာပြီး ထိုင်းနိုင်ငံ၏ ၁၅ ဦးမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သော်လည်း နိုင်ငံပိုင်ဘဏ္ဍာငွေ ပြန်လည်ရရှိရေးအတွက် အခွန်ဌာနက ဥပဒေအရ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။

news-view-count-icon

21