အမေရိကန်ပြည်ထောင်စုသည် အီရန်စစ်ပွဲအတွင်းသို့ အင်အားပြင်းလက်နက်သစ်တစ်ရပ် ဖြစ်သည့် ဂြိုဟ်တုဓာတ်ပုံများကို ဆန်းစစ်လေ့လာခြင်းမှသည် နောက်ဆုံးပစ်မှတ်ရွေးချယ်တိုက်ခိုက်ခြင်းအထိ ပစ်မှတ်ရှာဖွေမှုအဆင့်တိုင်းကို အလိုအလျောက်လုပ်ဆောင်ပေးနိုင်သော ဉာဏ်ရည်တု (AI) မိုဒယ်ကြီးများကို ယူဆောင်လာကြောင်း သတင်းများထွက်ပေါ်နေသည်။သို့သော်လည်း ယင်းစနစ်များကို မည်သို့လည်ပတ်ပုံဖော်သည်ကိုမူ လျှို့ဝှက်ချက်အဖြစ် တင်းကျပ်စွာ ထိန်းသိမ်းထားဆဲဖြစ်ပြီး လွန်ခဲ့သည့် ဖေဖော်ဝါရီလက အီရန်တောင်ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းသည် ဗုံးကြဲတိုက်ခိုက်ခံရကာ ကလေးငယ် ၂၀၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကဲ့သို့သော အခြေအနေများကြောင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ရာတွင် AI ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ပြည်သူလူထုအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။ယခုအခါ တရုတ်နိုင်ငံသည် ဤနည်းပညာနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန် ပထမဆုံးခြေလှမ်းကို စတင်လှမ်းလိုက်ပြီဖြစ်သည်။
Jun 06 • 9:40 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


