back

ထိုင်းနိုင်ငံမှာ ခေတ်စားလာတဲ့ ‘မှော်ဆန်တဲ့ ဝိတ်ချဘောပင်’ နှင့် နောက်ဆက်တွဲ ပြဿနာများ

Jun 06 • 1:23 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံမှာ ခေတ်စားလာတဲ့ ‘မှော်ဆန်တဲ့ ဝိတ်ချဘောပင်’ နှင့် နောက်ဆက်တွဲ ပြဿနာများ

" လက်ရှိ ထိုင်းနိုင်ငံရဲ့ အွန်လိုင်းလောကမှာတော့ ဒီဝိတ်ချဆေးထိုးဘောပင်တွေဟာ မရှိမဖြစ် အလှအပပစ္စည်းတစ်ခုလို ရေပန်းစားနေပြီး ဆယ်လီတွေကြားမှာလည်း အကြီးအကျယ် ဂယက်ထနေ...

" လက်ရှိ ထိုင်းနိုင်ငံရဲ့ အွန်လိုင်းလောကမှာတော့ ဒီဝိတ်ချဆေးထိုးဘောပင်တွေဟာ မရှိမဖြစ် အလှအပပစ္စည်းတစ်ခုလို ရေပန်းစားနေပြီး ဆယ်လီတွေကြားမှာလည်း အကြီးအကျယ် ဂယက်ထနေပါတယ်။ ဒါပေမဲ့ မှော်ဆန်တဲ့အရာတိုင်းမှာ ပေးဆပ်ရမယ့် တန်ဖိုးတစ်ခု ရှိနေတတ်စမြဲပါ။ အဲဒီ ဝိတ်ချဆေးထိုးဘောပင် (Weight-loss injection pen) တွေထိုင်းနိုင်ငံကို အရှိန်အဟုန်ဖြင့် ဝင်ရောက်ခေတ်စားလာပြီးနောက် နောက်ဆက်တွဲ ဝေဖန်ဆွေးနွေးမှုတွေ ပြင်းထန်လာနေပါတယ်။ဝိတ်ချဆေးထိုးဘောပင် ဆိုသည်မှာ - အဲဒီဆေးတွေဟာ ခန္ဓာကိုယ်အတွင်း သဘာဝအတိုင်း ထွက်ရှိတဲ့ GLP-1 ဟော်မုန်းကို တုပထားတာဖြစ်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ အစာအိမ်ခြေဖျက်မှုကို နှေးကွေးစေခြင်းနှင့် ဗိုက်ပြည့်နေသလို ခံစားရစေခြင်းတို့ကြောင့် အစားနည်းကာ ကိုယ်အလေးချိန် ကျဆင်းလာစေပါတယ်။ မူလက အမျိုးအစား (၂) ဆီးချိုရောဂါ ကုသရန်အတွက်သာ ခွင့်ပြုထားတဲ့ Ozempic တို့လို အမှတ်တံဆိပ်တွေဟာ အွန်လိုင်းမှာ ဝိတ်ချဆေးအဖြစ် အလွန်ရေပန်းစားနေပြီး ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်တဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။

news-view-count-icon

17