ထိုင်းနိုင်ငံတွင် စီးပွားရေးနှေးကွေးပြီး ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းအား ကျဆင်းလာမှုကြောင့် ကပ်ရောဂါနောက်ပိုင်းတွင် အိမ်အသစ်များထက် စျေးနှုန်းပိုမိုသက်သာသည့် တစ်ပတ်ရစ်အိမ် (Second-hand) များကို ဝယ်ယူသူ ပိုမိုများပြားလာကြောင်း အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ (REIC) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း တစ်နိုင်ငံလုံး အိမ်ခြံမြေရောင်းချမှု စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းနှင့် ငွေကြေးပမာဏ၏ ၅၉ ရာခိုင်နှုန်းမှာ တစ်ပတ်ရစ်အိမ်များ ဖြစ်လာပြီး အရောင်းအဝယ်ပမာဏ ၁၃ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ဘန်ကောက်မြို့ပြတွင်လည်း တစ်ပတ်ရစ်အိမ်စျေးကွက်ဝေစုသည် ၂၀၂၀ ပြည့်နှစ်က ၃၇ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၅၄ ရာခိုင်နှုန်းအထိ နှစ်စဉ် ဆက်တိုက်မြင့်တက်ခဲ့သည်။
Jun 05 • 10:55 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


