လာအိုနိုင်ငံ ဗုဒ္ဓဘာသာသံဃာ့အဖွဲ့ချုပ်သည် သံဃာတော်များနှင့် ကိုရင်များအကြား သာသနာ့သိက္ခာညှိုးနွမ်းစေမည့် လူမှုကွန်ရက်သုံးစွဲမှုများကို တားဆီးရန်အတွက် လိုက်နာရမည့် စည်းမျဉ်းသစ်များကို ပိုမိုတင်းကျပ်စွာ ထုတ်ပြန်လိုက်သည်။ စည်းမျဉ်းသစ်အရ သံဃာတော်များအနေဖြင့် လူမှုကွန်ရက်ပေါ်တွင် သင့်လျော်မှုမရှိသော ဗီဒီယိုများနှင့် ပုံရိပ်များတင်ခြင်း၊ သာသနာ့ဝိနည်းနှင့်မညီဘဲ ဖျော်ဖြေရေးဆန်ဆန် လှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ကို တားမြစ်ထားသည်။ အကယ်၍ ယခုထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို ချိုးဖောက်ပါက သက်ဆိုင်ရာ သံဃာ့အာဏာပိုင်များ၏ ဝိနည်းဆိုင်ရာ အရေးယူမှုများကို ပြတ်ပြတ်သားသား ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။
Jun 05 • 2:50 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


